ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့လိုခဲ့ကြောင်း ကော်တင်ဟို ဝန်ခံ

2.8K
ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားခဲ့တယ်ဆိုတာ အားလုံးသိရှိပြီးဖြစ်တယ်လို့ လီဗာပူးကစားသမား ကော်တင်ဟိုက ဝန်ခံပြောကြားလိုက်တယ်။
ဘာစီလိုနာလို ထိပ်တန်းအသင်းမှာ ကစားဖို့ စိတ်ဝင်စားခဲ့ပြီး မိမိရဲ့ မိသားစုကပါ အသင်းပြောင်းရွှေ့ဖို့ တိုက်တွန်းခဲ့တယ်လို့ ကော်တင်ဟိုက ပြောပါတယ်။
ကော်တင်ဟိုကို ဘာစီလိုနာအသင်းက ပေါင် ၁၁၄ သန်းအထိ ကမ်းလှမ်းခဲ့ပေမယ့် လီဗာပူးအသင်းက လက်မခံခဲ့တာကြောင့် အပြောင်းအရွှေ့ ပျက်ပြယ်သွားခဲ့တာပါ။
ဘာစီလိုနာလိုအသင်းရဲ့ ကမ်းလှမ်းမှုရခဲ့တာဟာ ဂုဏ်ယူစရာ အောင်မြင်မှုဖြစ်ပေမယ့် လီဗာပူးအသင်းလို အသင်းကြီးတသင်းမှာ ဆက်ရှိနေတာဟာလည်း အောင်မြင်မှုတခု ဖြစ်တယ်လို့ ကော်တင်ဟိုက ဆက်ပြောပါတယ်။
လက်ရှိအချိန်မှာ လီဗာပူးကစားသမားတဦးဖြစ်လို့ အသင်းနဲ့အတူ အောင်မြင်မှုတွေရဖို့ အကောင်းဆုံး ကြိုးစားသွားမယ်လို့လည်း ကော်တင်ဟိုက ဆိုပါတယ်။
ကော်တင်ဟိုဟာ ဘန်လေအသင်းနဲ့ ၁ ဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ သူ့ရဲ့ ဒီနှစ်ဘောလုံးရာသီ ပထမဆုံးပွဲအဖြစ် စတင်ကစားခဲ့ပါတယ်။