DVB Logo
Home
မြန်မာသတင်း
ငွေကောက်တဲ့ စည်ပင်ကို ရခိုင်ရွာသားများ တိုင်ကြား
DVB
·
March 22, 2012
Donate to DVB

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ကိုင်းရှည်  ကျေးရွာမှာ စည်ပင်သာယာရေး    ကော်မတီက ငွေကောက်ခံနေတဲ့ ကိစ္စကို ဖြေရှင်းပေးဖို့ ရွာသား ၂၀၀ ကျော် လက်မှတ်ရေးထိုးပြီး တောင်ကုတ်မြို့နယ် အုပ်ချုပ်ရေးမှူးဆီ တိုင်ကြားလိုက်ပါတယ်။

ရွာကို စည်ပင်သာယာက ကောက်ခံနေတဲ့ ငွေကြေးဟာ ဥပဒေအရ ကောက်ခံတာ မဟုတ်တဲ့အတွက် တိုင်ကြားတာလို့ ရွာသားတဦးက ပြောပါတယ်။

“ကိုင်းရှည်ကျေးရွာဆိုတာက စည်ပင်ရဲ့ နယ်နမိတ် မဟုတ်ဘူး။ စည်ပင်သာယာရေးရဲ့ ပံ့ပိုးမှုလည်း ဘာမှမရှိဘူး။ ဆိုလိုတာက သန့်ရှင်းရေး၊ သောက်သုံးရေ ရရှိရေး၊ လမ်းတံတားတွေ ပြုပြင်ပေးတာလည်း မရှိဘူး။ ခြေကျင်လျှောက် လမ်းလေး၊ တံတားလေးတွေ လုပ်ထားတာ ရှိတယ်။ အကယ်၍ မီးသတ်ကားတို့ ဘာတို့ ဝင်မယ် ဆိုရင်လည်း ဝင်လို့ မရဘူး။ အမှိုက်လည်း လာမသိမ်းဘူး။

တစုံတရာ သူတို့ဆီက ဘာမှ လုပ်ဆောင်ချက် မရှိဘဲနဲ့ ဒီလို ကောက်နေတဲ့ ဥစ္စာဟာ တကယ် စည်ပင်ကနေပြီးတော့ တိတိကျကျ စည်းနဲ့ကမ်းနဲ့ ဥပဒေအရ ကောက်တာမဟုတ်ဘူးလို့ ကျနော်တို့ နားလည် တယ်လေ။ အဲဒါကြောင့် မပေးချင်ဘူးပေါ့။”

ဒီကိစ္စ ဖြေရှင်းပေးဖို့ တောင်ကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဆီကို ရွာသားတွေက တိုင်ကြား ထားပြီး  ရခိုင်ပြည်နယ် ၀န်ကြီးချုပ်၊ လူမှုရေးဝန်ကြီး စတဲ့ သက်ဆိုင်ရာ ဌာန ၆ ခုကိုလည်း မိတ္တူ ပေးပို့ထားပါတယ်။

စည်ပင်သာယာကနေ ဒီကျေးရွာသားတွေထံကနေ ၁၉၉၇ ခုနှစ်ကတည်းက စပြီး ငွေကောက်ခံတာဖြစ်ပြီး တအိမ်ထောင်ကို ကျပ် ၂၅၀၀၊ ၃၀၀၀ စတဲ့ နှုန်းထား အမျိုးမျိုးနဲ့ ကောက်ခံတာလို့ ရွာသားတွေက ပြောပါတယ်။

အခုမှ အစိုးရသစ် လက်ထက်မှာ မှ ဒီကိစ္စ  တိုင်ကြားရတာနဲ့ ပတ်သက်ပြီး ကိုင်းရှည် ရွာသား တဦးဖြစ်သူ ဦးမောင်ကြီးက “အရင်တုန်းက န၀တ၊ နအဖ အစိုးရ လက်ထက်က အာဏာရှင် ဖြစ်နေတော့ ကြောက်ကြတယ်။ အမှန်တရားကို မဖော်ထုတ်ရဲဘူးပေါ့။ တိုင်လိုက်ရင်လည်း တိုင်တဲ့လူဆီကိုပဲ ဦးတည်ပြီးတော့ ပြဿနာ လာလုပ်တယ်။ အခုတော့ ဒီမိုကရေစီ လမ်းကြောင်းလေးတွေက ပွင့်နေပြီ ဆိုတော့ တရားဥပဒေ စိုးမိုးရေးပေါ့။ မှန်မှန်ကန်ကန် တော်တော်ကို တိတိကျကျ ဖော်ထုတ်တဲ့ အချိန်ကာလမျိုးမှာ ကျနော်တို့ ဖွင့်ပြောရဲတာပါ။” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013