ပုသိမ်သူရှပ်ပြေးယာဉ်မှောက်မှု သေဆုံးသူထပ်တိုးလာ
DVB
·
March 22, 2012
ဧရာဝတီတိုင်း ပုသိမ်မြို့နဲ့ ငပုတော မြို့နယ်အတွင်းက အမြန်ရေယာဉ် မတော်တဆ တိမ်းမှောက်မှုကြောင့် ခရီးသည် (၁၀) ယောက် သေဆုံးသွားတယ်လို့ ဒီနေ့ထုတ် အစိုးရပိုင် သတင်းစာတွေမှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
ရေယာဉ်မှောက်မှုမှာ ခရီးသည် ၆ ယောက်ကို ဆေးရုံပို့လိုက်ရပြီး ခရီးသည် ၇၂ ယောက်နဲ့ ရေယာဉ်အမှုထမ်း ၃ ယောက်ကို ကယ်တင်နိုင်လိုက်တယ် လို့ သတင်းက ဆိုပါတယ်။ သေဆုံးသူတွေထဲမှာ အမျိုးသမီး ၄ ယောက် ပါတယ် လို့ ငပုတော ဆေးရုံ က ပြောပါတယ်။
ဧရာဝတီတိုင်း ပုသိမ်- ငပုတော- သရက်တော ကို ပြေးဆွဲတဲ့ ပုသိပ်သူ ရှပ်ပြေးရေယာဉ်ဟာ မတ် ၂၀ ရက် နေ့ မွန်းလွဲပိုင်းက ပုသိမ် ကနေ ထွက်ခွာလာရာမှာ ငပုတော မြို့နယ်က ကံဆိပ် ကျေးရွာကို ဆိုက်ကပ်ခါနီး င၀န်မြစ်တွင်း တိမ်းမှောက်သွားတာဖြစ်ပါတယ်။