DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲ လွတ်လပ်တရားမျှတမည်ဟု ဒေါက်တာတူးဂျာပြောကြား
DVB
·
March 22, 2012
ရွေးကောက်ပွဲ လွတ်လပ်တရားမျှတမည်ဟု ဒေါက်တာတူးဂျာပြောကြား
Donate to DVB

ဧပြီ (၁)ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ ကချင်ပြည်နယ် မိုးကောင်းမြို့နယ်ကနေ တသီးပုဂ္ဂလိက ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံမယ့် ဒေါက်တာတူးဂျာက လာမယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ တရားမျှတပြီး လွတ်လပ်မှု ရှိလိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်း ထုတ်ဖော် ပြောကြား လိုက်ပါတယ်။

[caption id="attachment_19413" align="alignleft" width="300" caption="​ဒေါက်​တာ​တူး​ဂျာ"][/caption]

“ကျနော်မြင်တာက အခု ကော်မရှင် အနေ နဲ့တော့ တော်တော်လေး ကြပ် မတ် စည်းကမ်း ရှိရှိ လုပ်ကြတာ တွေ့ရ တယ်။  တော်တော်လေး အားရစရာ ကောင်းပါတယ်။ ဒီတခေါက်တော့ ကျနော့်အမြင်ကတော့ လွတ်လပ်ပြီး တရားမျှတ တဲ့ ရွေးကောက်ပွဲတော့ ဖြစ်လိမ့်မယ် လို့ ယုံကြည်တယ်။ အဲဒီ အခြေအနေ ကောင်း မျိုးတော့ တွေ့မြင်နေရတယ်လေ။ အဲဒါကြောင့်မို့လို့ ဒီတခေါက် ရွေးကောက်ပွဲပြီးတဲ့ နောက်ပိုင်းတော့ အရည်အချင်း ပြည့်မီတဲ့ လူသစ်တွေ တချို့ပါလာမယ်။ ပြည်သူ့လွှတ်တော်မှာ အင်အား တောင့်တင်းလာမယ်။ တိုင်းပြည် အတွက် ပိုအကျိုးရှိလာမယ်။ ဒီကြားဖြတ်ရွေးကောက်ပွဲ ဟာ အင်မတန်  အရေးကြီးတဲ့ ရွေးကောက်ပွဲ တရပ်လို့ ကျနော့် အနေနဲ့ ဒီလိုမြင်တယ်။”

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာမှာ ပါတီ ၄ ခုက ကိုယ်စားလှယ်လောင်း ၄ ဦးနဲ့ တသီးပုဂ္ဂလိက ၁ ဦး၊ စုစုပေါင်း ၅ ဦး အရွေးခံကြ မှာဖြစ်ပြီး၊ မြို့နယ်ထဲမှာ မဲ ပေးနိုင်သူပေါင်း ၆ သောင်းခွဲ ရှိပါတယ်။

ဒေါက်တာတူးဂျာက တသီးပုဂ္ဂလိက အမတ်အဖြစ် ၀င်ပြိုင်မှာဖြစ်ပြီး အန်အယ်လ်ဒီ ပါတီက ဒေါ်ခင်ကြည်၊ ကြံ့ခိုင်ရေးပါတီက ဦးထွန်းထွန်းအောင်၊ အန်ဒီအက်ဖ်ပါတီက ဦးမြတ်မိုးမြင့်၊ ကျားဖြူပါတီက စောသန်းတင့်အောင်တို့ နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဒေါက်တာတူးဂျာ (ကိုယ်ရေးအကျဉ်း)

အမည်                           ဒေါက်တာ တူးဂျာ

အမည်ရင်း                      ဦးမနမ်တူးဂျာ

မွေးသက္ကရာဇ်                  ၂. ၂. ၁၉၄၆

မိဘများအမည်                ဦးလှနမ်၊ ဒေါ်ခွန်တင့်

မွေးရပ်ဇာတိ                  ပါဟုကျေးရွာ၊ မိုးညှင်းမြို့နယ်၊ ကချင်ပြည်နယ်။

မွေးချင်း                          မောင်နှမ ၅ ဦးအနက် အကြီးဆုံး။

ဇနီးအမည်                      ဒေါ်ဇလန်း

သားသမီး                         ၅ ဦး

လက်ရှိလိပ်စာ                   အမှတ် ၃၆၈၊ ယုဇနရပ်ကွက်၊ မြစ်ကြီးနားမြို့။

ပညာအရည်အချင်း             ၁၉၆၄ ခုနှစ်တွင် မြစ်ကြီးနား အထက (၁) မှ ၁ဝ တန်းအောင်မြင်ခဲ့။

၁၉၆၆ ခုနှစ်မှ ၁၉၇၃ ခုနှစ်အထိ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်၊

ရန်ကုန်မြို့တွင် တက်ရောက်ခဲ့ပြီး သွားဘက်ဆိုင်ရာ ဆရာဝန်ဘွဲ့ရရှိခဲ့။

နိုင်ငံရေးနောက်ခံ

ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်နေခိုက် ကချင်လွတ်မြောက်ရေး အဖွဲ့ - KIO က တာဝန်ထမ်းဆောင်ရန် လာရောက် ခေါ်ယူခဲ့။    ကချင်လွတ်မြောက်ရေး အဖွဲ့ (Kachin Independence Organization) ဒု - ဥက္ကဋ္ဌ - ၂ (၁၉၇၅ - ၂ဝဝ၉ စက်တင်ဘာလ)ထိ တာဝန်ယူခဲ့။  ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေရေးဆွဲရေးအတွက် ရည်ရွယ်ပြုလုပ်ခဲ့တဲ့ အမျိုးသားညီလာခံမှာ တက်ကြွစွာပါဝင်ခဲ့။ ၂၀၁၀ ရွေးကောက်ပွဲမှာ ကချင်ပြည်နယ် တိုးတက်ရေးပါတီ (Kachin State Progressive Party) ကို တည်ထောင်ပြီး ဥက္ကဌအဖြစ် တာဝန်ယူခဲ့။ ဒါပေမယ့် ၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ပြိုင်ခွင့်မရခဲ့ပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013