Homeသတင်းဓာတ်ပုံ
ဦးမင်းကိုနိုင်နှင့်အဖွဲ့ မဟာချိုင်ရှိ ရွှေ့ပြောင်းအလုပ်သမားရင်သွေးငယ်များအားတွေ့ဆုံ (ဓာတ်ပုံ)
ဦးမင်းကိုနိုင်နှင့်အဖွဲ့ မဟာချိုင်ရှိ ရွှေ့ပြောင်းအလုပ်သမားရင်သွေးငယ်များအားတွေ့ဆုံ (ဓာတ်ပုံ)
DVB
·
September 18, 2017
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ဟာ စက်တင်ဘာ ၁၈ ရက် မနက်မှာ ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်အရပ်က ရွှေ့ပြောင်းအလုပ်သမား ရင်သွေးငယ်တွေ အရည်အချင်း မြင့်တင်ရေး MCDC စာသင်ကျောင်းကို လာရောက်ပြီး ဟောပြောခဲ့ပါတယ်။
ဦးမင်းကိုနိုင်က အဲဒီကျောင်းက ကျောင်းသားတွေကို သူ့ရဲ့ အတွေ့အကြုံတွေ၊ ကလေး တွေ နိုင်ငံတကာမှာ ဘယ်လိုရပ်တည်ရင်ဆိုင် ကြိုးစားနေသလဲ ဆိုတာတွေကို ဟောပြောခဲ့ပါ တယ်။
အဲဒီနောက် ကလေးတွေရဲ့ သင်ကြားရေး အခြေအနေတွေကို စာသင်ခန်းတခန်းစီ လိုက်ကြည့် လေ့လာခဲ့ပြီး ကျောင်းရဲ့ အထွေထွေအသုံးစရိတ်အတွက်လည်း ဘတ်ငွေ တသောင်း လှူဒါန်းခဲ့ပါတယ်။
၈ လေးလုံး လူထုအရေးတော်ပုံကို စစ်တပ်က အာဏာသိမ်းဖြိုခွင်းတာ ၂၉ နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ ဒီမိုကရေစီ ခရီး ဘယ်နေရာကို ရောက်နေပြီလည်းလို့ မေးရာမှာတော့ ခုမှ လမ်းခုလတ်ပဲ ရှိသေးတယ်လို့ ဦးမင်းကိုနိုင်က ဖြေကြားပါတယ်။
ဦးမင်းကိုနိုင်ဟာ ဘန်ကောက်မြို့အနောက်ဘက် နခွန်ပထုံခရိုင်က မဟာမကု ဗုဒ္ဓတက္ကသိုလ်ကို သွားရောက်လည်ပတ်ခဲ့ပြီး အဲဒီတက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ထိုင်းကျောင်းသူ ကျောင်းသားတွေကိုလည်း တက္ကသိုလ်ပညာသင်ကြားရေးနဲ့ ပတ်သက်ပြီး လေ့လာ မေးမြန်းခဲ့ပါတယ်။
သတင်းဓာတ်ပုံ - သီရိထက်စံ