ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်အကော်အထည်ဖော်ရေးကော်မတီ စစ်တွေရောက်ရှိ (ဓာတ်ပုံ)
DVB
·
September 18, 2017
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ရေး ကော်မတီအဖွဲ့ဝင်တွေ ဒီကနေ့ ညနေ ၃ နာရီအချိန်မှာ လေကြောင်းနဲ့ စစ်တွေမြို့ကို ရောက်ရှိလာပြီး ရခိုင်ပြည်နယ် အစိုးရရုံးမှာ ၀န်ကြီးချုပ် ဦးညီပုအပါအဝင် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အဲ့ဒီဆွေးနွေးမှုအပြီး ညနေပိုင်းမှာ ကျောက်တော်-IDP စခန်းတွေကိုသွားရောက်ပြီး မနက်ဖြန် ဘူးသီးတောင်၊ မောင်တောစတဲ့ နေရာတွေကိုတော့ ၂ ရက်တာသွားမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီးဦးမင်းအောင်က ဒီဗွီဘီကိုပြောပါတယ်။
ကော်မတီအဖွဲ့ဝင်တွေအနေနဲ့ ကျောက်တော်- မောင်တော- ဘူးသီးတောင်- စစ်တွေဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်ကြည့်ရှုဖို့ရှိ ပါတယ်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်တွေအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီကို သမ္မတဦးထင်ကျော်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေး ခေါင်းဆောင်တဲ့ ၁၅ ဦးပါအဖွဲ့ကို စက်တင်ဘာ ၁၂ရက်က ဖွဲ့စည်း တာဝန်ပေးထား တာဖြစ်ပါ တယ်။
သတင်း၊ ဓာတ်ပုံ- ဝဏ္ဏခွာညို