Homeမွနျမာသတငျးဒေါ်အောင်ဆန်းစုကြည် ဒဂုံဆိပ်ကမ်းမြို့နယ် မဲဆွယ်တရားပွဲ လူသောင်းချီ ကြိုဆို

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ်မြို့တော်မှာ သွားရောက် မဲဆွယ် တရားဟောခဲ့ပါတယ်။
ပြည်သူတွေကို ကတိမပေးတာဟာ ပြည်သူတွေကို လေးစားလို့ ကတိမပေးတာဆိုပြီး ပြောခဲ့တယ်လို့ ခရီးစဉ်မှာ လိုက်ပါသွားတဲ့ ရန်ကုန် သတင်းထောက်တဦးက ဒီဗွီဘီကို ပြောပါတယ်။
သောင်းနဲ့ချီတဲ့ ပရိသတ်ကြိးက ကြိုဆိုကြပုံကို ရန်ကုန် သတင်းထောက်က ဆက်ပြောပြပါတယ်။

“လူက တအံ့တဩဖြစ်ယူလောက်အောင်ကို များတယ်။ သံင်္ဃန်းကျွန်းက စထွက်ကတည်းကိုက တလှိမ့်ချင်း လှိမ့်ရတာကိုး။ ကြိုဆိုရေးတွေက လမ်းဘေးဝဲယာ ဟိုဘက်ရော ဒီဘက်ရော အပြည့်ပဲ။”
ဒေါ်အောင်ဆန်းစုကြည်ဟာ မတ် ၂၂ ရက်နေ့မှာ သူဝင်ရောက်ယှဉ်ပြိုင်မယ့် ရန်ကုန်တိုင်း ကော့မှုးမြို့နယ်ကို စည်းရုံးရေးခရီး ထပ်သွားဦးမယ်လို့ သိရပါတယ်။