DVB Logo
Home
မြန်မာသတင်း
အဓမ္မ​ပြောင်း​ခိုင်း​ပြီး​ မ​ပြောင်း​တဲ့​ ရွာသား​များ​​ ​ထောင်ဒဏ်ကျခံရ
DVB
·
March 21, 2012
Donate to DVB

အစိုး​ရရုံး​စိုက်ရာ ​နေပြည်​တော်ခရိုင် လယ်​ဝေး​မြို့​နယ်အတွင်း​ စီမံကိန်း​နယ်​မြေ ​ဖော်​ဆောင်တုန်း​က ​နေရာ ဖယ်​ပေး​ဖို့​ ငြင်း​ဆန်တဲ့​ ရွာသား​တချို့​ စည်ပင်သာယာက တရား​စွဲတာခံရပြီး​ အလုပ်ကြမ်း​နဲ့​ ​ထောင်ဒဏ် ချမှတ်ခံရပါတယ်။

လယ်​ဝေး​မြို့​နယ် မီး​သွေး​ဖိုကုန်း​ ​ကျေး​ရွာမှာ ​နေထိုင်တဲ့​ ရွာသား​တွေကို မနှစ် ​အောက်တိုဘာလမှာ ဖယ်ခိုင်း​ခဲ့​ပြီး​ မဖယ်​ပေး​သူ​တွေကို စည်ပင်သာယာက ကျူး​ကျော်မှုနဲ့​ စွဲဆိုခဲ့​တာပါ။

ဒီလလယ်ပိုင်း​မှာ​တော့​ ရွာသား​ ၆ ဦး​ကို အလုပ်ကြမ်း​နဲ့​ ​ထောင်ဒဏ် သုံး​လ ချမှတ်ပြီး​ ​နောက်ထပ် ၈ ဦး​ကိုလည်း​ ဆက်လက် တရား​စွဲဆိုထား​တယ်လို့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဝင် တရား​လွှတ်​တော်​ရှေ့​နေ ​ဒေါ်စန်း​စန်း​မြင့်​က ​ပြောပါတယ်။

“၁၄ ရက်​နေ့​က ၄ ​ယောက်ချတယ်။ ၁၆ ရက်​နေ့​က ၂ ​ယောက်ချတယ်။ အခု ​နောက်ထပ် ၈ ​ယောက်က​တော့​ ဆက်လက်တရား​စွဲဆို ခံထား​ရတယ်။ ​ထောင်ဒဏ်ချမှတ် ခံထား​ရတဲ့​ ၆ ​ယောက်ထဲမှာ ကို​အောင်မြင့်​စိန်၊​ ကိုငြိမ်း​ဦး​၊​ ​ဒေါ်​အေး​မူ၊​ ဦး​သောင်း​ဝေ၊​ ခင်မိုး​မိုး​၊​ တင်မာ​အေး​။ ​ဒေါ်​အေး​မူဆိုရင် ​ယောက်ျား​က မရှိဘူး​။ က​လေး​နှစ်​ယောက် ကျန်ခဲ့​တယ်။ မ​အေက သုံး​လကျသွား​တော့​ သူ့​က​လေး​ ၂ ​ယောက်ကို ​ဘေး​အိမ်က ​ကျွေး​မွေး​ထား​ရတယ်။ ၁၁ နှစ်နဲ့​ ၈ နှစ်အရွယ် ​မောင်နှမ ၂ ​ယောက်။ ​ဘေး​အိမ်ဆိုတာကလည်း​ အိမ်မဟုတ်ဘူး​။ အဲဒီလို ​ထောင်ကျသွား​ပြီး​ အိမ်​တွေပါ ဖျက်ခိုင်း​တဲ့​အခါကျ​တော့​ လမ်း​ဘေး​က သစ်ပင်​တွေမှာ တဲထိုး​ပြီး​ ​နေရတယ်။ အဲဒီ​နေရာမှာ အချင်း​ချင်း​ ပြန်ပြီး​ ​စောင့်​ရှောက်ထား​ရတာ​ပေါ့​။”

နေပြည်​တော် စည်ပင်သာယာက စီမံကိန်း​နယ်​မြေနဲ့​ မလွတ်ကင်း​လို့​ ဆိုပြီး​ ဖယ်ခိုင်း​တဲ့​ မီး​သွေး​ဖို ကုန်း​ကျေး​ရွာဟာ အိမ်​ခြေ ၁၅၀ ခန့်​ ရှိပါတယ်။ သက်ဆိုင်ရာက ဖယ်​ပေး​သူ​တွေကို ​ပြောင်း​ရွှေ့​စရိတ် ၂ သိန်း​နဲ့​ ​မြေ​နေရာအစား​ ​ပေး​ပါတယ်။ ဒါ​ပေမယ့်​ ရှိတဲ့​ အိမ်​ခြေ​တွေအနက် သုံး​ပုံတပုံခန့်​သာ ​မြေ​နေရာရပြီး​ ကျန်သုံး​ပုံနှစ်ပုံက ​မြေ​နေရာအစား​ ပြန်မရလို့​ မဖယ်​ပေး​ဘဲ တင်း​ခံကြတာပါ။ ဒါ​ပေမယ့်​ မဖယ်​ပေး​ရင် ဖမ်း​ဆီး​မ ယ်လို့​ ​ပြောတဲ့​အတွက် အများ​စု ထွက်​ပြေး​ကုန်ပြီး​ ကျန်ရှိတဲ့​ အိမ်​ခြေ ၂၀ ​ကျော်ကို ​နေပြည်​တော် စည်ပင်သာယာက ​ဖေ​ဖော်ဝါရီ ၁၀ ရက်မှာ တရား​စွဲဆိုခဲ့​တာပါ။

ရွာသား​တွေ ရင်ဆိုင်​နေရတဲ့​ ဒီအမှု​တွေအတွက် တဆင့်​ပြီး​တဆင့်​ အယူခံ တက်သွား​မှာပါလို့​ ​ဒေါ်စန်း​စန်း​မြင့်​က ဆိုပါတယ်။

“အယူခံတက်​နေတဲ့​ ကာလမှာပဲ ၃ လပဲ ချတာ ဖြစ်တဲ့​အတွက် ပြစ်ဒဏ်က​နေ​တော့​ လွတ်သွား​နိုင် တယ်။ အယူခံတက်တဲ့​ကာလက ကြာဦး​မှာကိုး​။ ဒါ​ပေမယ့်​ ဒီအမှုက လွတ်​မြောက်သွား​ပေမယ့်​ အမှုအမှန်ကို ရှင်း​ရှင်း​လင်း​လင်း​ ဖြစ်သွား​စေချင်တယ်။ ​နောက်တခုက ဒီလို ပြဿနာ​တွေကို သက်ဆိုင်ရာ လူကြီး​တွေကို သိ​စေချင်တယ်။ ဒါ​တွေ ဆက်ပြီး​မလုပ်ဖို့​လည်း​ ကျမတို့​က တား​ချင်တယ်။”

ရွာသား​တွေဘက်က လယ်​ဝေး​မြို့​ခံ ​ရှေ့​နေ ဦး​ခင်​မောင်ကြီး​က လိုက်လံ ကူညီ​ပေး​မှာ ဖြစ်တယ်လို့​လည်း​ ​ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013