Home
မြန်မာသတင်း
ကပ္ပလီပင်လယ်ပြင်အတွင်း ကျပ်သိန်း ၅၀၀ ခန့်တန်ဖိုးရှိ သစ်များ ဖမ်းမိ
DVB
·
September 16, 2017
ကော့သောင်းခရိုင်၊ ပင်လယ်ပြင်မှာ လှေနှစ်စီးပေါ်ကနေ တရားမ၀င်သစ် ကျပ်သိန်း ၅၀၀ ဖိုးလောက် ဖမ်းဆီးမိခဲ့တယ်လို့ ကော့သောင်းမြို့မရဲ့စခန်းက ပြောပါတယ်။ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အပိုင် ကပ္ပလီပင်လယ်ပြင်အတွင်း စက်တင်ဘာ ၈ ရက်နေညနေပိုင်းက ပင်လယ်ပြင် လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော် ကင်းလှည့်စစ်ရေယာဉ် က ကပ္ပလီပင်လယ် ဘုတ်ပြင်းမြို့နယ်အပိုင် ရေပြင်မှာ မသင်္ကာဖွယ်စက်လှေနှစ်စီးကို တွေ့ရှိစစ်ဆေးစဉ် ဖမ်းဆီးမိတာလို့ ဆိုပါတယ်။ ပထမစက်လှေ ဖြစ်တဲ့ အဏ္ဍ၀ါစိုးမိုးအောင် ၁ အမည်ရှိ လှေပေါ်မှာ တရားမ၀င် ပိတောက်သစ်ခွဲသားဆိုက်စုံ ၉၀ တန်လောက်နဲ့ ရေလုပ်သား ၁၁ ဦး၊ ဒုတိယစက်လှေဖြစ်တဲ့ ဇေယျသိဒ္ဓိ (၁) လှေပေါ်မှာ တရားမ၀င် ကျွန်းနဲ့ ပိတောက်သစ်ခွဲသားဆိုက်စုံ ၁၁၀ တန်လောက်နဲ့အတူ မြန်မာလှေလုပ်သား ၁၂ ဦးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ စစ်ဆေးချက်တွေအရ စက်လှေ ၂ စီးပေါ်ပါ ကာလတန်ဖိုး ကျပ်သိန်း ၅၀၀ လောက်တန်ဖိုးရှိ တရားမ၀င်သစ်တွေကို မွန်ပြည်နယ်၊ ကျိုက္ခမီချောင်းဝမှ တင်ဆောင်ခဲ့ပြီး မလေးရှားနိုင်ငံ ပီနန်ဆိပ်ကမ်းကို သွားရောက်ရောင်းချဖို့ ထွက်ခွာလာစဉ် ဖမ်းဆီးရမိတာလို့ ဆိုပါတယ်။ အဆိုပါ စက်လှေ ၂ စီး၊ ဆက်စပ်ပစ္စည်းတွေနဲ့ လှေလုပ်သား ၂၃ ဦးကို မြန်မာ့ တပ်မတော် (ရေ) က ကော့သောင်းမြို့နယ်ရဲတပ်ဖွဲ့နဲ့ သစ်တောဦးစီးဌာနကို စက်တင်ဘာ ၁၃ ရက်နေ့မှာ လာရောက်လွဲပြောင်းအပ်နှံခဲ့တယ်လို့ ကော့သောင်းမြို့ရဲစခန်းမှ ဒုစခန်းမှူး ရဲအုပ် အေးကြိုင်က ပြောပါတယ်။ လာရောက်အပ်နှံတဲ့လှေ၊ သစ်နဲ့ လှေလုပ်သားတွေကို ကော့သောင်းမြို့ရဲစခန်းက (ပ)၁၅၇၈/၂၀၁၇၊ ၁၉၄၇ ခုနှစ် ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးအက်ဥပဒေပုဒ်မ ၆ (၁) အရ အမှုဖွင့်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ လတ်ကိုကိုဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024