DVB Logo
Home
မြန်မာသတင်း
မိုး​ပြာ​ရောင်ဘုန်း​ကြီး​ ထောင်ဒဏ်ချမှတ်ခံ​ရ
DVB
·
March 21, 2012
မိုး​ပြာ​ရောင်ဘုန်း​ကြီး​ ထောင်ဒဏ်ချမှတ်ခံ​ရ
1 / 2
Donate to DVB

မိုး​ပြာ​ရောင်ဆရာ​တော်လို့​ လူသိများ​တဲ့​ ပစ္စုပ္ပန်ကမ္မဝါဒ ဘုန်း​ကြီး​ဦး​ဥာဏကို ကချင်ပြည်နယ် မြစ်ကြီး​ နား​ထောင်မှာ ​ထောင်ဒဏ် အနှစ် (၂၀) ချမှတ်ခံရတာဟာ ဘာသာ​ရေး​ လွတ်လပ်ခွင့်​မရှိမှုနဲ့​ လွတ်လပ်စွာ အသင်း​အဖွဲ့​ ဖွဲ့​စည်း​ခွင့်​ မရှိဖြစ်​နေတယ်လို့​ အာရှလူ့အခွင့်​အ​ရေး​ကော်မရှင်က ဒီ​နေ့​မှာ ထုတ်​ဖော် ​ပြောဆိုပါတယ်။

[caption id="attachment_22922" align="alignleft" width="247" caption="​ဦး​ဥာဏ"][/caption]

မိုး​ပြာ​ရောင်ဦး​ဥာဏဟာ မန္တ​လေး​တိုင်း​ ပုသိမ်ကြီး​မြို့​နယ်က အနုပါဒါယဉ်​ကျေး​မှု တရား​ဌာနမှာ သီး​တင်း​ သုံး​နေစဉ်မှာ ၂၀၁၀ ​ဖေ​ဖော်ဝါရီ ၁၂ ရက်​နေ့​မှာ ဖမ်း​ဆီး​ခံခဲ့​ရပြီး​ ဘာသာ​ရေး​ပုဒ်မ​တွေနဲ့​ တရား​စွဲဆိုပြီး​ ​ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံထား​ရတာပါ။

မိုး​ပြာ​ရောင် ဦး​ဥာဏဟာ ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဒဘာသာကို တည်​ထောင်ခဲ့​သူဖြစ်ပြီး​ ၁၉၈၃ ခုနှစ်ကတည်း​ ​ထေရဝါဒဗုဒ္ဓဘာသာကို စွန့်​လွှတ်ထား​သူလည်း​ ဖြစ်ပါတယ်။ ပစ္စုပ္ပန်ကံမဝါဒ ဗုဒ္ဓဘာသာဟာ ​ထေရာဝါဒနဲ့​ မတူတဲ့​ သီး​ခြား​ဗုဒ္ဓဘာသာ တခုဖြစ်တယ်လို့​ မိုး​ပြာ​ရောင်ဦး​ဥာဏ တပည့်​သာဝါက​တွေက ​ပြောပါတယ်။

မိုး​ပြာ​ရောင် ဦး​ဥာဏဟာ ၁၉၈၃ ကလည်း​ သာသနာတော်ကို ညှိုး​နွှမ်း​စေမှုနဲ့​ အပြစ်​ပေး​ခံပြီး​ ​နောက် တခါ ဒီအမှုနဲ့​ပဲ ပြန်ပြီး​ တရား​စွဲအပြစ်​ပေး​တာဟာ အမှုတစ်ခုကို နှစ်ခါအပြစ်​ပေး​ခံရတာဖြစ်လို့​ တရား​မျှတမှု မရှိဘူး​လို့​ ဥပ​ဒေ အကျိုး​ဆောင် ဦး​အောင်သိန်း​ကလည်း​ ဒီဗွီဘီကို ​ပြောပါတယ်။

“ကျ​နော်တို့​က သူ့​ကို ဘာသာ​ရေး​ ယုံကြည်ချက် အကျဉ်း​သား​လို ဖြစ်​နေတာပဲ။ ဗုဒ္ဓဘာသာက သူ့​ဘာသာသူ လမ်း​ခွဲထွက်ပြီး​တော့​ အပြာဝတ်ပြီး​ ရပ်တည်​နေတဲ့​သ​ဘော​ပေါ့​။ သူ့ Ism (အယူဝါဒ) တမျိုး​ပေါ့​။ ကျ​နော် သူ့​အယူဝါဒကို မ​ပြောလိုဘူး​။ ကျ​နော် ​ပြောတာက ဥပဒေဆိုင်ရာကိစ္စကို ​ပြောတာပါ။ ဥပ​ဒေက ချပြီး​သား​ အမှု​တွေကို ထပ်ပြီး​ချတယ်။ ”

မိုး​ပြာ​ရောင်ဂိုဏ်း​ဝင် ဦး​ဥာဏရဲ့​ တပည့်​သာဝက​တွေကလည်း​ သမ္မတဦး​သိန်း​စိန်နဲ့​ အမျိုး​သား​ လူအခွင့်​အ​ရေး​ကော်မရှင်ဆီကို စာတင် အ​ကြောင်း​ကြား​ထား​တယ်လို့​လည်း​ ​ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013