A d v e r t i s e m e n t With Us

ဓမ္မာစရိယ မ​အောင်ရင် နယ်လှည့်​တရား​မ​ဟောရ

ဓမ္မာစရိယတန်း​ မ​အောင်မြင်​သေး​တဲ့​ ဘုန်း​ကြီး​၊​ လူ၊​ မယ်သီလရှင်​တွေကို နယ်လှည့်​တရား​ပွဲ​တွေမှာ ​ဟော​ပြောခွင့်​ ပိတ်​ကောင်း​ပိတ်ပင် နိုင်​စေမယ့်​ “နယ်လှည့်​ဓမ္မကထိက ဂုဏ်အင်္ဂါ ၉ ချက်” ကို နိုင်ငံတော်သံဃမဟာနာယက က ထုတ်ပြန်လိုက်ပါတယ်။ ဒါနဲ့​ ပတ်သက်လို့​ ဒီထုတ်ပြန်ချက်ကို လက်ဝယ်ရထား​တဲ့​ ရန်ကုန်တိုင်း​ ပုဇွန်​တောင်မြို့​နယ် ​ရွှေ​တောင်​ကျောင်း​တိုက်က ​ကျောင်း​ထိုင်ဆရာ​တော် ဦး​ပဏ္ဏဝံသ ​ခေါ် ဦး​ပြည်​ကျော်ကို ကို​အေး​နိုင်က ​မေး​မြန်း​ထား​ပါတယ်။ “တ​ပေါင်း​လပြည့်​ကျော် ၃ ရက်က​နေပြီး​ လပြည့်​နေ့​ထိ ၄၇ ပါး​စုံညီ အစည်း​အ​ဝေး​ ကျင်း​ပတယ်။ အဲဒါသံဃာ ဒွါဒဿမ ၁၅ ကြိမ်​မြောက် အစည်း​အ​ဝေး​ ဆုံး​ဖြတ်ချက်အရ ဆိုပြီး​ နယ်လှည့်​ဓမ္မကထိက ဂုဏ်အင်္ဂါ ၉ ချက်ဆိုပြီး​ ထုတ်လိုက်တာ။ အဲဒီ​တော့​ ဒီဂုဏ်အင်္ဂါ ၉ ချက်ထုတ်တဲ့​အခါမှာ အဓိက အချက်က​တော့​ နိုင်ငံ​ရေး​၊​ စီး​ပွား​ရေး​၊​ လူမှု​ရေး​တွေကို မ​ဟောရဘူး​။ ဓမ္မာစရိယတန်း​ ​အောင်ရမယ်။ အဲလို အစရှိတာ​တွေကို ​ပြောတာ​လေ။ နယ်လှည့်​ဓမ္မကထိက ဆို​တော့​ မြန်မာနိုင်ငံမှာက နယ်လှည့်​ဓမ္မကထိက ၃ မျိုး​ရှိတယ်။ “ရဟန်း​ပုဂ္ဂိုလ်၊​ သီလရှင်ပုဂ္ဂိုလ်၊​ လူပုဂ္ဂိုလ် ၃ မျိုး​ရှိတယ်။ ဒီ ၃ မျိုး​စလုံး​က သက်ဆိုင်တယ်။ မလိုက်နာရင် ဘယ်လို အပြစ်​ပေး​မယ် ဆိုတာ​တော့​ မပါဘူး​။ ဒါက ထူး​ခြား​တယ်။ ခါတိုင်း​ဆိုရင် မလိုက်နာရင် ဘယ်လို အ​ရေး​ယူမယ်ဆိုတာ ပါတယ်။ ​နောက်တခုက နယ်လှည့်​ ဓမ္မကထိက ဂုဏ်အင်္ဂါ ၉ ချက်ကို ဘာ​ကြောင့်​ ထုတ်ရ သလဲလို့​ ဆို​တော့​ မြို့​နယ်သံဃာ့​နာယက အဖွဲ့​များ​အ​နေဖြင့်​ တရား​ပွဲများ​ကို ခွင့်​ပြုရာတွင် စိစစ် ​ဆောင်ရွက်နိုင်ရန် ညွှန်ကြား​ချက်​ပေး​တယ်လို့​ ​ပြောပါတယ်။ ဒီဟာက မလိုလား​အပ်ဘူး​။ ဘာ​ကြောင့်​လဲဆို​တော့​ သံဃာ ​တော်​တော်များ​များ​ကို လိုက်​မေး​ကြည့်​တော့​ ​နောက်ဆုံး​ တိုင်း​သံဃာ့​နာယကအဖွဲ့​က ဆရာ​တော် တချို့​တောင် ဒါ မလိုလား​အပ်တာ​တွေပါတဲ့​။ ဓမ္မကထိက တပါး​ဖြစ်ဖို့​ ဆိုတာ နဂိုကတည်း​က စာ​ပေ၊​ ပရိယတ္တိကျမ်း​ဂန်​တွေကို ကျွမ်း​ကျင်တဲ့​ ပုဂ္ဂိုလ်​တွေမှသာ ဓမ္မကထိက ဆရာဖြစ်တယ်။ ရိုး​ရိုး​ စာသင်၊​ စာချပြီး​တော့​ ​အောင်လက်မှတ်​လေး​ ရရုံ​လောက်နဲ့​တော့​ မဖြစ်ပါဘူး​။ ဒီလို ဓမ္မစရိယ ​အောင်မှလို့​ ​ပြောရင် ဦး​ဇင်း​တို့​ ​ထေရဝါဒသာသနာအရဆိုရင် ဘာအတန်း​မှ မ​အောင်ဘဲနဲ့​ ရဟန္တာပုဂ္ဂိုလ်အ​နေနဲ့​ ဆိုရင် ဘယ်လိုလုပ်မလဲ။ “ရဟန္တာပုဂ္ဂိုလ်​တောင်မှ တရား​ဟောခွင့်​၊​ သစ္စာ ၄ ပါး​ကို တကယ် ကိုယ်တိုင် မှန်ကန်စွာ သိထား​တဲ့​ ရဟန်း​တပါး​ အ​နေနဲ့​တောင်မှ ပရိသတ် ၄ ပါး​ကို ပြန်လည် ​ဟောကြား​ခွင့်​ မရှိတဲ့​ ပုံစံမျိုး​ သက်ရောက်တာ​ပေါ့​။ အဓိက​တော့​ သာသနာကို သန့်​ရှင်း​ပြန့်​ပွား​ တည်တံ့​လိုတဲ့​ အရာထက်၊​ လက်ရှိ ရှိ​နေတဲ့​ ​ရွှေညဝါနဲ့​ ဒယ်အိုး​ဆရာ​တော်တို့​ကို တရား​ဟောခွင့်​ မပြုဘဲနဲ့​ ပိတ်ထား​ရခြင်း​ အကြောင်း​တရား​က၊​ လူ​တွေ၊​ ရဟန်း​တွေ၊​ ပရိသတ်​တွေ ​မေး​လာတဲ့​အခါမှာ တိတိကျကျ သူတို့​ ​ဖြေကြား​နိုင်ခြင်း​ မရှိဘူး​။ နိုင်ငံ​တော် သံဃာ့​မဟာ နာယက အ​နေနဲ့​ တကယ့်​ကို ဓမ္မဝိနည်း​တော်နဲ့​အညီ ပြန်လည် ​ဖြေကြား​နိုင်တာ မရှိဘူး​။ ဒီဥစ္စာကို ထုတ်လိုက်တဲ့​အတွက် ပြန်လည်​ဖြေကြား​ဖို့​ အချက်အလက် ရှိသွား​တယ်​ပေါ့​။ လူမှု​ရေး​၊​ နိုင်ငံ​ရေး​၊​ ​လောကီ​ရေး​ ကိစ္စ​တွေကို မ​ဟောရဘူး​။ ရဟန်း​တော်​တွေက ​လောကီ​ရေး​ကိစ္စ​တွေကို ​ဟောတဲ့​အတွက် မ​ပေး​နိုင်ဘူး​ဆိုတဲ့​ အစီအစဉ်ကို အ​ကြောင်း​ပြလိုခြင်း​ ဖြစ်တယ်လို့​ ဦး​ဇင်း​အ​နေနဲ့​တော့​ အဲလို ယုံကြည်လိုက်တယ်။ ဒါကို ထုတ်ခြင်း​ကြောင့်​ ​ကောင်း​တဲ့​ ဓမ္မကထိက​တွေက တကယ့်​ကိုပဲ အနှစ်သာရရှိရှိ ​ဟောကြား​နိုင်တဲ့​ ဓမ္မကထိက ပိုလို့​ ထွက်မလာပါဘူး​။ “လက်ရှိမှာ နာမည်ကြီး​ပြီး​ တကယ်ပဲ ​ဟော​ရေး​ပြော​ရေး​ ပိဋကတ် ၃ ပုံ၊​ ဆဌသံဃာရတနာမူနဲ့​ မဆန့်​ကျင်ပဲနဲ့​။ ဓမ္မာစရိယ မ​အောင်ဘဲနဲ့​ ​ဟော​နေတဲ့​ သံဃာ​တော်​တွေ၊​ သူတို့​က ချီး​မြှင့်​ထား​တဲ့​ ဓမ္မကထိက တရား​ဟောဆရာ​တော်၊​ ဘွဲ့​ရထား​တဲ့​ ဆရာ​တော်​တွေထဲမှာ ​တောင်မှ ဓမ္မာစရိယ မပြီး​သေး​တဲ့​ ပုဂ္ဂိုလ်​တွေ အများ​ကြီး​ရှိပါတယ်။ ဒီလို ပုဂ္ဂိုလ်​တွေ အများ​ကြီး​ရှိ​တော့​ အခု ညွှန်ကြားချက် ထွက်လာ​တော့​ အဲဒီပုဂ္ဂိုလ်​တွေ အ​နေနဲ့​ ဘာဆက်ဖြစ်ကြမလဲ။ သူတို့​ တရား​ဟောပွဲ အပိတ်ခံရပြီ။ သူတို့​မှာလည်း​ ပရိသတ်​တွေ ရှိ​နေတယ်။ နယ်လှည့်​ဓမ္မကထိက ဂုဏ်အင်္ဂါ ၉ ချက်ကို ​ပြောလိုက်တဲ့​အတွက် ဒီမှာ ကမ္မဌာနာစရိယဆရာ​တော်​တွေ ရှိ​သေး​တယ်။ အဲဒီဆရာ​တော်​တွေ အ​နေနဲ့​ ကျ​တော့​လည်း​ ဒီလမ်း​က ​ပြောစရာ ဖြစ်တယ်။ ကျမ်း​ဂန်​တွေအရ နှံ့​စပ်တဲ့​ပုဂ္ဂိုလ်​တွေသာလျှင် ဓမ္မကထိက ဖြစ်တယ်။ တရား​ဟောနိုင်တာ မှန်တယ်။ ဒါ​ပေမယ့်​ ဓမ္မာစရိယ ​အောင်တိုင်း​ တရား​ဟောနိုင်တာ မဟုတ်ဘူး​။ “ဒါကို မြန်မာနိုင်ငံမှာ ရှိ​နေတဲ့​ ​ထေရဝါဒ ရဟန်း​တော်​တွေအ​နေနဲ့​ ​တော်​တော် သိထား​တယ်​လေ။ ဥပမာဆိုရင် စွန်း​လွန်း​ဂူဆရာ​တော်တို့​ ရဟန္တာဖြစ်တာပဲ။ သူတို့​လည်း​ တရား​တွေ ​ဟောသွား​တာပဲ။ ဘာအတန်း​မှ မ​အောင်ခဲ့​ပါဘူး​။ ဒါဟာ မလိုအပ်ပါဘူး​။ ရန်ကုန်တိုင်း​ထဲမှာရှိတဲ့​ သံဃာ​တော်​တော်များ​များ​ကို ဦး​ဇင်း​အ​နေနဲ့​ ဖုန်း​နဲ့​လှမ်း​မေး​တော့​ တသံတည်းပဲ ထွက်ကြတယ်။ ဒါဟာ မလိုလား​အပ်ပဲ လုပ်တာပဲ။ အဓိက​တော့​ နိုင်ငံ​ရေး​၊​ စီး​ပွား​ရေး​၊​ ​လောကအ​ရေး​တွေ မ​ဟောကြဖို့​ ဆို​တော့​ ဒါက ဘာနဲ့​ဆန့်​ကျင်လဲ ဆို​တော့​ ဦး​ဇင်း​တို့​ ရတနာ့​သုတ်၊​ ပရိတ်ကြီး​ပါဠိ​တော် အဖွင့်​မှာတင် ​လောကတ္ထစရိယ၊ ဥာတတ္ထစရိယ၊ ဗုဒ္ဓတ္ထစရိယ ဆိုတာရှိတာပဲ။ ဒါ​လောကတ္ထစရိယကို ပိတ်ပင်တာနဲ့​ အတူတူပါပဲ။ ဒါကို ​သေချာ ဂဃနဏ ​ပြောလိုက်​တော့​ ​လျော့​ရဲတယ်။ ဒီဟာကို မလိုက်နာရင် ဘယ်လို အပြစ်​ပေး​မယ် ဆိုတာ​တော့​ မပါလာပါဘူး​။” တင်ပါ့​ဘုရား​။ ဒီဥစ္စာကစည်း​ကမ်း​ ၉ ချက်လား​၊​ လိုက်နာရမယ့်​ ဂုဏ်အင်္ဂါ​ပေါ့​။ “ဟုတ်ပါတယ်။ ဂုဏ်အင်္ဂါလို့​ လှည့်​သုံး​ထား​ပါတယ်။ စည်း​ကမ်း​ချက်လို့​ မသုံး​ထား​ပါဘူး​။” ဂုဏ်အင်္ဂါထဲက​နေ ဓမ္မာစရိယ မ​အောင်ရင်ဆိုတဲ့​ကိစ္စ အား​လုံး​ကျန်တဲ့​ အချက်အလက်​တွေက​ကော နည်း​နည်း​ခြုံ​ပြောပြပါလား​။ တပည့်​တော်တို့​ လုံး​လုံး​မသိ​သေး​လို့​ပါ။ “​ပြောချင်တာက ၁၀ ဝါ ပြည့်​ရမယ်ဆိုတာက ​ထေရဝါဒသာသနာက ​ကျောင်း​ထိုင်ဘုန်း​ကြီး​ အင်္ဂါမှာ ၁၀ ဝါ ပြည့်​ရမယ်။ ဝိနည်း​တရား​တွေကို နား​လည်ထား​ရမယ် ဆိုတာ​တွေ​ပေါ့​။ ဒီမှာကျ​တော့​ ၁၀ ဝါ ပြည့်​ရမယ်။ ဓမ္မာစရိယ ​အောင်ရမယ်။ အဲဒါအပြင်ကို ဆဋ္ဌသင်္ဂါယနာ မူအတိုင်း​ ပိဋကတ်​တော်​တွေ၊​ ဌာကထာ​တော်​တွေနဲ့​ ဆန့်​ကျင်ဘက် မပြုရဘူး​။ ဒါမျိုး​တွေပါတယ်။ နိုင်ငံ​ရေး​ကိစ္စ လုံး​ဝ​ဟောကြား​ခြင်း​ မပြုရဘူး​။ လူမှု​ရေး​ကိစ္စ လုံး​ဝ​ဟော​ပြောခြင်း​ မပြုရဘူး​။ ပုဂ္ဂိုလ်​ရေး​အရ လုံး​ဝ​ဟော​ပြောခြင်း​ မပြုရဘူး​။ အစရှိတဲ့​ စည်း​ကမ်း​ချက်​တွေ​ပေါ့​။” ဘုန်း​ဘုန်း​တို့​လက်ဝယ်ရထား​တာ ​ရောက်ပြီလား​။ “​ရောက်ပါပြီ။ မြို့​နယ်ကို ဒီ​နေ့​မှပဲ​ရောက်တယ်။ အခုန ဖုန်း​ဆက်တဲ့​အချိန်မှာ မ​ရောက်​သေး​ဘူး​ ​ပြော​နေတုန်း​ အခု​တော့​ ​ရောက်​နေပါတယ်။ ​ရောက်လာ​တော့​ အဲဒီ ဂုဏ်အင်္ဂါ ၉ ချက် ဆိုပြီး​တော့​ အဲဒီ​တော့​ အဲဒီ ဓမ္မစရိယ ဆရာ​တော်က​နေ ပြီး​တော့​ သီလဝံသ ပုဂ္ဂိုလ်လည်း​ ဖြစ်ရပါမယ်ဆိုတဲ့​အချက်​ပေါ့​။ ၉ ချက်​ပေါ့​။ “ပြန်ရွတ်ပြရမယ် ဆိုရင်​တော့​ ၁၀ ဝါပြည့်​ရမယ်။ ဓမ္မာစရိယ ​အောင်ထား​ရမယ်။ နိုင်ငံ​ရေး​ကိစ္စ ထည့်​မ​ပြောရဘူး​။ ​လောကီ​ရေး​ရာကိစ္စ ထည့်​မ​ပြောရဘူး​။ သီလဝံသ ပုဂ္ဂိုလ်ဖြစ်ရမယ်။ ဆဌသံဃာရတနာ​တော်လာ အဌာကထာ​တွေ သုတ္တန်​တွေနဲ့​ ဆန့်​ကျင်ဘက် မပြုရဘူး​။ အဲဒီလို အစရှိသဖြင့်​ပေါ့​။” ​နောက်ဆိုရင်လည်း​ တနိုင်ငံလုံး​နဲ့​ တရား​ပွဲ​တွေလည်း​ ခြိမ့်​ခြိမ့်​သဲကျင်း​ပတယ်ဆို​တော့​ ဒီဥစ္စာနဲ့​ပတ်သက်ပြီး​ ကျယ်ကျယ်ပြန့်​ပြန့်​ ​ဆွေး​နွေး​ပွဲ​တွေလည်း​ ဖြစ်လာနိုင်တာ​ပေါ့​။ “ဖြစ်နိုင်ပါတယ်။ ဘာလို့​လည်း​ဆို​တော့​ ပါမစ်ယူတဲ့​ ကိစ္စ​ပေါ့​။ ဒီမှာ​ပြောတာက သံဃာ့​နာယက​တွေကို ညွှန်ကြား​ တယ်လို့​ ​ပြောတာ။ တကယ်​တော့​ တရား​ဟောပါမစ်​တွေက အစိုး​ရ အစဉ်အဆက် မဆလ ​ခေတ်ထဲက နအဖ၊​ နဝတ၊​ ပြည်ခိုင်ဖြိုး​အထိ အာဏာပိုင်​တွေကပဲ ဒီပွဲမိန့်​ကို ​ပေး​တာပါ။ ဦး​ဇင်း​တို့​ သံဃာ့နာယကအဖွဲ့​တွေက ပွဲမိန့်​ကို ​ပေး​ခြင်း​ မရှိပါဘူး​။ ​ထောက်ခံမှု ပြုတာပဲ ရှိပါတယ်။ ဒီမှာ​တော့​ စိစစ်နိုင်ရန် အတွက်လို့​ ​ပြောတာပဲ။ ပကတိ ဘုန်း​ဘုန်း​တို့​ သံဃာ​လောကမှာ နယ်လှည့်​ကျင်း​ပ​နေတဲ့​ သံဃာ​တော်​တွေ ဓမ္မာစရိယ မအောင်တဲ့​ ပုဂ္ဂိုလ်အချိုး​နဲ့​ ​အောင်တဲ့​ပုဂ္ဂိုလ်နဲ့​ ဘယ်သူက ပိုများ​လဲ ဘုရား​။ “သူက ​ခေတ်အဆက်ဆက် ​ပြောရရင် မ​အောင်တဲ့​ပုဂ္ဂိုလ်က ပိုများ​ပါတယ်။ ​အောင်တဲ့​ပုဂ္ဂိုလ်က နည်း​ပါ တယ်။ သီလရှင်​တွေလည်း​ ပါတယ်။ လူ၊​ ဓမ္မကထိက​တွေ လည်း​ပါတယ်။ လူ၊​ ဓမ္မကထိက​တွေဆိုတာ ဓမ္မ​ဇောတိကတို့​ ဆိုတာ ​တွေ​ပေါ့​။ ဆရာကြီး​ ဂိုအင်ကာတို့​ အဲဒါ​တွေပါ ပါတာ​ပေါ့​။” ဒါဆိုရင်သူတို့​ တရား​ပွဲ​တွေက ဒီတိုင်း​ဆိုရင် ဂုဏ်အင်္ဂါနဲ့​ မညီလို့​ ပိတ်တာပါလို့​ သက်​သေပြစရာ ရှိသွား​တာ​ပေါ့​နော်။ “အဲဒီလို ရှိသွား​တာပါ။”

A d v e r t i s e m e n t With Us

More News
Up