Home
မြန်မာသတင်း
အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မြစ်ကြီးနားတွင် စုပေါင်းစက်ဘီးစီး
DVB
·
September 16, 2017
စက်တင်ဘာ ၁၆ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အနေနဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ စုပေါင်း လူထုစက်ဘီးစီးပွဲ ပြုလုပ်သွားပါတယ်။ ကချင်ပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနက ဦးစီးဌာနက ဦးဆောင်ပြုလုပ်တာ ဖြစ်ပြီး  ပြည်နယ်အားကစားကွင်း ရှေ့ကနေ မြစ်ကြီးနာမြို့တစ်ပတ် စက်ဘီးစီးတဲ့ပွဲ ပြုလုပ်ခဲ့တာပါ။ ဒီပွဲကို ကချင်ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးနဲ့ဗမာတိုင်းရင်းသားရေးရာဝန်ကြီးအပါအဝင် Northern green bike အဖွဲ့နဲ့ Myintkyina X' bike စက်ဘီးဝါသနာရှင် အယောက် ၆၀လောက်က ပါဝင်စီးနင်းခဲ့ပါတယ်။ သင်းသင်းနွယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024