DVB Logo
Home
မြန်မာသတင်း
အာရှ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့  အရာရှိ ပြန်ပို့ခံရ
DVB
·
March 21, 2012
အာရှ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့  အရာရှိ ပြန်ပို့ခံရ
Donate to DVB

အာရှနိုင်ငံတွေမှာ ကျင်းပတဲ့ ရွေးကောက်ပွဲတွေကို​ ​စောင့်ကြည့်လေ့လာတဲ့ အဖွဲ့တခုရဲ့ တာဝန်ရှိသူတဦးကို မြန်မာအာဏာပိုင်တွေက မနေ့က ရန်ကုန်လေဆိပ်ကနေ ထိုင်းနိုင်ငံကို ပြန်လည် ပို့လိုက်ပါတယ်။

မြန်မာပြည်ကို သွားရောက်ခဲ့တဲ့ လွတ်လပ်သော ရွေးကောက်ပွဲများဆိုင်ရာ အာရှကွန်ရက် (Asian Network for Free Elections-ANFREL)က  ညှိနှိုင်းဆောင်ရွက်ရေးမှူးကို မြန်မာ့ လူဝင်မှုကြီးကြပ်ရေးက(လ၀က)က ပြန်လည် ပို့ဆောင်ခဲ့တာပါ။

ဒီပို့ဆောင်မှုဟာ လ၀က တာဝန်ရှိသူတွေက သူ့အပေါ် နားလည်မှု လွဲပြီး ဆောင်ရွက်ခဲ့ တာပါ၊ ဒါက  ပြည်နှင်တာ မဟုတ်ပါဘူး၊ သူတို့က သူတို့က သင့်တော်တဲ့ ဗီဇာလျှောက်ပြီး ပြန်လာဖို့ ပြောပါတယ်၊  ဘာဗီဇာ အမျိုးအစားလဲ ဆိုတာ ကျမ မသိပါဘူး။ သူတို့မှာက ရှင်းလင်းတဲ့ မူဝါဒမရှိပါဘူးလို့ အမည်မဖော်လိုတဲ့ ကာယကံရှင်က ဒီဗွီဘီကို ပြောပါတယ်။

အလည်အပတ်ဗီဇာနဲ့ သွားတာဖြစ်တဲ့အတွက် ဗီဇာ မှားယွင်းမှုရှိတယ်လို့ လ၀ကက ပြောဆိုခဲ့ပြီး သင့်တော်တဲ့ ဗီဇာလျှောက်ပြီး ပြန်လာဖို့ ပြောဆိုတယ်လို့လည်း သူက ဆိုပါတယ်။

“သူတို့က သံတမန်တွေ၊ သူတို့နဲ့ စကားပြောဖော်ပြောဖက်တွေကို ဖိတ်တယ်၊ ဘယ်လို အဆင့်ကို ခွင့်ပြုတယ်၊ ခွင့်မပြုဘူးလဲ ဆိုတာကိုလဲ ကျမ မသိပါဘူး၊ အပြင်က လူတွေကတော့ အတော်ကို နားလည်မှုလွဲတော့မယ်၊ ဘယ်သူတွေ သွားခွင့်ရှိတယ်၊ ဘယ်မီဒီယာတွေ သွားခွင့်ရှိတယ် ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း ပြောသင့်ပါတယ်၊ အဲသလိုမှ မဟုတ်ဘဲ သွားမယ် ဆိုရင်တော့ ငွေကို ဖြုန်းတီးနေသလိုပါပဲ။”

သူဟာ ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲ ကို ၀င်ရောက်ကြည့်ခွင့်ပေး ဖို့ မြန်မာ့ကော်မရှင်ထံကို ဘန်ကောက်ကနေ စာပေးပို့ခဲ့ပေမယ့်လည်း မတုံ့ပြန်တဲ့အတွက် ကိုယ်တိုင်သွားရောက် ပေးပို့ခဲ့တာလို့ ပြောပါတယ်။ သူဟာ မတ်လ ၁၅ ရက်နေ့က မြန်မာပြည်ကို ၀င်ရောက်ပြီး ရန်ကုန်ရွေးကောက်ပွဲ ကော်မရှင် နဲ့ တွေ့ဆုံခဲ့တယ် လို့ သိရပါတယ်။ ဒါ့အပြင် ခရီးစဉ်အတွင်းမှာ ဒေသခံ အစိုးရ မဟုတ်တဲ့ လူမှုရေး အဖွဲ့အစည်းတွေ၊ ပါတီတွေက ပြုလုပ်တဲ့ သင်တန်းတွေမှာလည်း အတွေ့ အကြုံတွေ ဖလှယ်ခဲ့တယ် လို့ သူက ပြောပါတယ်။

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့ ANFREL ဟာ အာရှ၏ ပထမဆုံး ဒေသတွင်း ချိတ်ဆက်ထားတဲ့ လူထုအခြေပြု လူမှုအဖွဲ့အစည်းဖြစ်ပြီးတော့ ၁၉၉၇ ခုနှစ်က တည်ထောင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013