Home
မေးမြန်းခန်း
တရား​သဖြင့်​ နိုင်တာကိုပဲ ကျ​နော်တို့​ ဂုဏ်ယူချင်ပါတယ်
ရွှေအောင်
·
March 21, 2012
ရန်ကုန်တိုင်း​ ပြည်​ထောင်စုကြံ့​ခိုင်​ရေး​နဲ့​ဖွံ့​ဖြိုး​ရေး​ ပါတီ ​အောင်နိုင်​ရေး​အဖွဲ့​ ​ခေါင်း​ဆောင် ဦး​အောင်သိန်း​လင်း​နှင့်​ ဆက်သွယ် ​မေး​မြန်း​ထား​ပါတယ်။ [caption id="attachment_22901" align="alignleft" width="300" caption="​ဦးအောင်သိန်းလင်း​"][/caption] ရန်ကုန်တိုင်း​ အတွင်း​မှာ ​ရွေး​ကောက်ပွဲကျင်း​ပဖို့​က ၁ ပတ် ၁၀ ရက်​လောက်ပဲ လို​တော့​တဲ့​ အချိန်မှာ အန်ကယ်တို့​ ဝင်ပြိုင်တဲ့​ ၆ ​နေရာ စလုံး​ပေါ့​။ ပြည်ခိုင်ဖြိုး​ပါတီက ဒီ ​ရွေး​ကောက်ပွဲ စည်း​ရုံး​ရေး​တွေ ဘယ်လို ​ဆောင်ရွက်တယ် ဆိုတာ​လေး​ အရင်ဆုံး​ သိပါရ​စေ။ “ကျ​နော်တို့​ ၂၀၁၀ တုန်း​ကလည်း​ ပြိုင်ခဲ့​တာပါပဲ​လေ။ ပြိုင်ခဲ့​တော့​ အဓိက လက်ကိုင် ထား​တာ က​တော့​ တရား​မျှတပြီး​တော့​မှ သန့်​သန့်​ရှင်း​ရှင်း​ ဖြစ်ဖို့​ အ​ရေး​ကြီး​တယ်။ ​နောက်တခုက ကိုယ် မဲဆွယ်တဲ့​ ကိစ္စ​တွေကလည်း​ သူများ​ကို အ​နှောင့်​အယှက် မဖြစ်​စေချင်ဘူး​။ ဒါ​ကြောင့်​မို့​လို့​ တတ်နိုင်သမျှ သူများ​ကို အ​နှောင့်​အယှက် မဖြစ်တဲ့​နည်း​နဲ့​ မဲဆွယ်တယ်။ အိမ်တိုင်ရာ​ရောက်သွား​တဲ့​ လှုပ်ရှား​မှု​တွေ ​ပေါ့​။ လိုက်ပြီး​တော့​မှ သတင်း​ပေး​တဲ့​ စနစ်​တွေပါ။ သတင်း​ပေး​တယ် ဆိုတာက​တော့​ ကိုယ့်​ ကိုယ်စား​လှယ်ရဲ့​ လက်ကမ်း​ စာ​စောင်​တွေ ​ဝေတဲ့​ စနစ်​တွေကို ကျ​နော်တို့​က ​ဆောင်ရွက်တာ ဖြစ်ပါတယ်။ အဓိက လက်ကိုင်ထား​ တာ က​တော့​ တရား​မျှတမှု ဖြစ်ဖို့​ အဓိကထား​တယ်။” တခြား​ ပါတီအများ​စုက​တော့​ အများ​အား​ဖြင့်​ အန်အယ်လ်ဒီ ပါတီ​ပေါ့​။ သူတို့​ပါတီက စည်း​ရုံး​ရေး​ ဆင်း​တဲ့​အခါမှာ သူတို့​ အများ​ကြီး​တွေ့​လို့​ ​ပြောတာ​တွေ ရှိပါတယ်။ မဲစာရင်း​ကွာတဲ့​ ကိစ္စ​တွေ။ အန်ကယ်တို့​ပါတီ အ​နေနဲ့​ရော အဲဒီကိစ္စ​တွေမှာ ​တွေ့​ရှိချက်​တွေကို တင်ပြထား​ခြင်း​ ရှိ၊​ မရှိ​ပေါ့​။ ဒါကို ကျွန်​တော်တို့​ သိချင်ပါတယ်။ “ကျ​နော်တို့​ ပြီး​ခဲ့​တဲ့​ ၂၀၁၀ အ​တွေ့​အကြုံတုန်း​က မဲ​ပေး​ခွင့်​ ရှိရဲ့​သား​နဲ့​ မ​ပေး​လိုက်ရတဲ့​သူ​တွေ ​တွေ့​ရပါတယ်။ ဒီ တပွဲမှာလည်း​ အဲဒီလို မဖြစ်​အောင်​တော့​ ကျ​နော်တို့​ တတ်နိုင်သမျှ မဲ​ပေး​မယ့်​လူ​တွေ၊​ ရပ်ကွက်ထဲမှာ ရှိတဲ့​လူ​တွေ မဲစာရင်း​ထဲမှာပါ၊​ မပါ လိုက်လံ စိစစ်ပြီး​တော့​မှ၊​ မပါ​သေး​တဲ့​လူ​တွေ ရှိရင်လည်း​ ​ကော်မရှင်ကို တင်ပြပါတယ်။ ​ကော်မရှင်က သတ်မှတ်ထား​တဲ့​ စည်မျဉ်း​စည်း​ကမ်း​နဲ့​ ကိုက်ညီလို့​ရှိရင် သူတို့​ လက်ခံပါတယ်။ အဲဒါ​လေး​တွေကို ၂၀၁၀ တုန်း​ကလည်း​ ကျ​နော်တို့​ လုပ်ပါတယ်။ ၂၀၁၂ မှာလည်း​ မဲ​ပေး​ခွင့်​ ရှိတဲ့​လူ​တွေ အာလုံး​ မဲ​ပေး​ခွင့်​ရ​အောင်လို့​ ဝိုင်း​ဝန်း​ပံ့​ပိုး​ ​ဆောင်ရွက်တဲ့​ သ​ဘောမျိုး​နဲ့​ ​ဆောင်ရွက်ပါတယ်။” တခြား​ဒီမိုက​ရေစီပါတီ​တွေကို ​မေး​ကြည့်​တော့​ အခုဆိုရင် ဥပမာ- မင်္ဂလာ​တောင်ညွန့်​မှာ ဆိုလို့​ရှိရင် ​တော်​တော်ကြီး​ မြိုင်မြိုင်ဆိုင်ဆိုင်။ ပါတီ​တွေက မဲဆွယ်စည်း​ရုံး​နေတာ ​တွေ့​ရတယ်လို့​ သိရပါတယ်။ မဲဆွယ် စည်း​ရုံး​တဲ့​ အခါမှာလည်း​ ၂၀၁၀ တုန်း​ကလို မဟုတ်ဘဲနဲ့​ တပါတီနဲ့​ တပါတီ ​ပြောဆိုနှုတ်ဆက် ချစ်ချစ်ခင်ခင် ရင်း​ရင်း​နှီး​နှီး​နဲ့​ အိုး​စည်ဗုံ​မောင်း​တွေတီး​၊​ ကား​တွေနဲ့​ လှည့်​ပြီး​တော့​ မဲဆွယ်စည်း​ရုံး​တယ်လို့​ ကြား​ရပါတယ်။ အန်ကယ်တို့​ရော မဲဆွယ်စည်း​ရုံး​တဲ့​ အ​နေအထား​မှာ ရန်ကုန်တိုင်း​မှာ ဘယ်လိုမျိုး​တွေများ​ ကြုံ​တွေ့​ရပါသလဲ။ “ကျ​နော်တို့​လည်း​ သူတို့​တွေလို​ပေါ့​။ ၂၀၁၀ တုန်း​ကလည်း​ ဒီလိုပဲ ကား​တွေနဲ့​ ကိုယ်စား​လှယ်ရဲ့​ ဗွီနိုင်း​ကို ကပ်ပြီး​တော့​မှ ရပ်ကွက်​တွေမှာ လိုက်လံ မဲဆွယ်ပါတယ်။ ဒါ​ပေမယ့်​ ပြီး​ခဲ့​တဲ့​ အပတ် ၁၀ တန်း​စာ​မေး​ပွဲ ​ဖြေ​နေတဲ့​ ကာလမှာ​တော့​ ကျ​နော်တို့​ အဲဒါ​တွေ ခဏရပ်ထား​တယ်။ ဘာဖြစ်လို့​လဲဆို​တော့​ ၁၀ တန်း​စာ​မေး​ပွဲ ​ဖြေ​နေတဲ့​ က​လေး​တွေ အ​နှောင့်​အယှက်ဖြစ်မှာ စိုး​လို့​၊​ ၁၀ တန်း​စာ​မေး​ပွဲက မ​နေ့​က တချို့​တော့​ ပြီး​ပြီ။ ဒါ​ပေမယ့်​ ​သေချာ​တော့​ မပြီး​သေး​ဘူး​။ တချို့​ ဘာသာရပ်​တွေ ကျန်​သေး​တယ်။ ဒီအပတ်ကုန်မှပဲ ကျ​နော်တို့​က သူများ​တွေလိုပဲ ကား​နဲ့​ လှည့်​၊​ လှည့်​ပြီး​တော့​မှ လက်ကမ်း​စာ​စောင်​တွေလိုက်​ဝေ အဲဒါ​တွေ လုပ်ပါ့​မယ်။ ပြီး​တော့​ ဒီမှာ ထူး​ခြား​တာက ပြိုင်မှာက ၆ မြို့​နယ်ထဲဆို​တော့​ ကျန်တဲ့​ မပြိုင်တဲ့​ မြို့​နယ်​တွေက ပြိုင်မယ့်​ ၆ မြို့​နယ်ကို ဝိုင်း​ကူပြီး​တော့​ လုပ်တာ​ပေါ့​။ အား​ဖြည့်​ပြီး​တော့​ လုပ်တာ​တော့​ ရှိတာ​ပေါ့​။” ၂၀၁၀ တုန်း​က ကြံ့​ခိုင်​ရေး​ပါတီအ​နေနဲ့​ ​ငွေ​ချေး​ပြီး​တော့​ မဲဆွယ်တာတို့​၊​ လမ်း​ခင်း​ပြီး​တော့​ မဲဆွယ်တာတို့​ လုပ်ခဲ့​တယ်ဆိုတဲ့​ ​ဝေဖန်သံ​တွေ ကြား​ရပါတယ်။ အခု ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ​ရော အဲဒီလိုပုံစံမျိုး​နဲ့​ မဲဆွယ်တာမျိုး​ကို​ရော လုပ်​ဆောင်မှု​တွေ ရှိပါသလား​။ “ပြည်ခိုင်ဖြိုး​ရဲ့​ မူဝါဒမှာ ​ကျေး​လက်​ဒေသ ဖွံ့​ဖြိုး​တိုး​တက်​ရေး​ လုပ်ငန်း​စဉ်ကြီး​ ၅ ရပ် ရှိတယ်။ အဲဒါ ၅ ရပ်ကို ကျ​နော်တို့​က ထမ်း​ဆောင်တာပါ။ အဲဒီ ထမ်း​ဆောင်တဲ့​ ​နေရာမှာ ​ကျေး​လက်​နေ ပြည်သူလူထု​တွေ အတွက် လမ်း​တွေ ​ကောင်း​ရမယ်။ ​ကျေး​လက်ပြည်သူလူထု ​ရေရရှိ​ရေး​ ​ဆောင်ရွက်​ပေး​ရမယ်၊​ ​ကျေး​လက် ပြည်သူလူထုရဲ့​ ​ကျောင်း​တွေ ​ကောင်း​အောင် လုပ်​ပေး​ရမယ်၊​ ​ကျေး​လက်​တွေမှာ ​ဆေး​ခန်း​တွေရှိရင် အဲဒီ​ဆေး​ခန်း​တွေကို ဝိုင်း​ဝန်း​ပြီး​တော့​ ​စောင့်​ရှောက်ရမယ်၊​ ​နောက်တခါ ​ကျေး​လက်ပြည်သူလူထုရဲ့​ လူမှု စီပွား​ရေး​ဘဝကို ဝိုင်း​ဝန်း​ပြီး​တော့​မှ ပံ့​ပိုး​ရမယ်ဆိုတဲ့​ ​ကျေး​လက်​ဒေသ ဖွံ့​ဖြိုး​တိုး​တက်​ရေး​ လုပ်ငန်း​စဉ်ကြီး​ ၅ ရပ်ဟာ ပါတီရဲ့​ လက်ကိုင်ထား​တဲ့​ ဖွံ့​ဖြိုး​တိုး​တက်​ရေး​ လုပ်ငန်း​စဉ် ၅ ရပ်ဖြစ်ပါတယ်။ ကျ​နော်တို့​နိုင်ငံမှာ လိုအပ်​နေတာဟာ ဖွံ့​ဖြိုး​တိုး​တက်​ရေး​နဲ့​ တိုင်း​တပါး​ ဩဇာခံ မဖြစ်​ရေး​ ဒီ ၂ ချက်က။ အခုလည်း​ လိုအပ်သလို ​နောင်လည်း​ လိုအပ်မယ်လို့​ ထင်ပါတယ်။ ပါတီရဲ့​ မူဝါဒအတိုင်း​ ​ဆောင်ရွက်မြဲ ကိစ္စကို ကျ​နော်တို့​ ​ဆောင်ရွက်ခြင်း​သာ ဖြစ်ပါတယ်။” ဒီကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ထူး​ခြား​တာက အန်အယ်လ်ဒီပါတီ ဝင်​ရောက် ယှဉ်ပြိုင်လာပါတယ်။ ပြည်ခိုင်ဖြိုး​ပါတီလိုပဲ ၄၈ ​နေရာစလုံး​ ဝင်ပြိုင်တဲ့​ ပါတီပါ။ ကြား​ဖြတ်မှာ ဆိုရင် အဓိက ပြိုင်ဘက်ပါတီလို့​တောင် ​ပြောလို့​ပါတယ်။ အန်အယ်လ်ဒီပါတီ ဝင်လာပြီး​ သူ့​ကိုယ်စား​လှယ်​လောင်း​တွေ ဝင်ပြိုင်လာတဲ့​အတွက် အခု ကြား​ဖြတ် ​ရွေး​ကောက်ပွဲ ပြည်ခိုင်ဖြိုး​ပါတီနဲ့​ အပြိုင် မဲဆွယ်စည်း​ရုံး​ရာမှာ ဘယ်လိုမျိုး​တွေ ကြုံရဆုံရလဲ။ အန်ကယ်တို့​ဘက်လည်း​ ဘယ်လို ပြင်ဆင်ထား​ပါသလဲ။ “ကျ​နော်တို့​ပါတီရဲ့​ မူဝါဒက​တော့​ အမျိုး​သား​ရေး​ကို ​စောင့်​ရှောက်မယ့်​၊​ တိုင်း​ပြည်အ​ပေါ်မှာ ဘယ်​တော့​မှ သစ္စာမ​ဖောက်မယ့်​ တရား​ဝင်ဖွဲ့​စည်း​တဲ့​ ပါတီအား​လုံး​ကို​တော့​ ကျ​နော်တို့​က မိတ်ဖက်လို သ​ဘောထား​ရမယ်လို့​ ကျ​နော်တို့​ပါတီရဲ့​ မူဝါဒလမ်း​စဉ်မှာ သတ်မှတ်ထား​ပါတယ်။ ကျ​နော်တို့​က အဲဒီမူဝါဒကိုပဲ လက်ကိုင်ထား​ပြီး​တော့​မှ ​ဆောင်ရွက်​နေတာ ဖြစ်ပါတယ်။” ဧပြီ ၁ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ရန်ကုန်တိုင်း​က အန်ကယ်တို့​ ပါတီအ​နေနဲ့​ ၆ ​နေရာစလုံး​ နိုင်မယ်လို့​ ယုံကြည်ထား​ပါသလား​။ အန်ကယ် ဘယ်​လောက်အထိ ​မျှော်လင့်​ ထား​ပါသလဲ။ “​လော​လောဆယ်​တော့​ ခန့်​မှန်း​ရ ခက်​သေး​တယ်။ ကျ​နော်တို့​လည်း​ အခု တတ်နိုင်သမျှ ကြိုး​စား​ပြီး​တော့​ ​ဆောင်ရွက်​နေတုန်း​ပါပဲ။ ​ရွေး​ကောက်ပွဲ တခုဆိုတာက​တော့​ ဘယ်​လောက် ​သေချာတယ်၊​ မ​သေချာဘူး​ ဆိုတာက​တော့​ ပွဲပြီး​မှပဲ အ​ဖြေသိတဲ့​ သ​ဘောပါပဲ။” ဖြည့်​စွက်​ပြောလိုတာ ရှိရင် ​ပြောပြ​ပေး​ပါ။ “ကျ​နော်တို့​က ဒီ​ရွေး​ကောက်ပွဲမှာ တရား​သဖြင့်​ ​အေး​အေး​ချမ်း​ချမ်း​နဲ့​ စည်း​ကမ်း​ရှိရှိ အနိုင်ရ​အောင်လို့​ ဥပ​ဒေ​ဘောင်ထဲကပဲ ကြိုး​စား​ပါမယ်။ ကျ​နော်တို့​ ကြိုး​စား​သလို တခြား​ပါတီ​တွေကိုလည်း​ အဲဒီလို ဖြစ်​စေချင်ပါတယ်။ တည်တည်ငြိမ်ငြိမ် ​အေး​အေး​ချမ်း​ချမ်း​နဲ့​ စည်း​ကမ်း​ရှိရှိ တန်ဖိုး​ရှိတဲ့​ ကြား​ဖြတ်​ရွေး​ကောက်ပွဲ ဖြစ်​စေချင်ပါတယ်။ အဲဒီလို ဖြစ်​အောင်လည်း​ ကျ​နော်တို့​ အစွမ်း​ကုန် ကြိုး​စား​နေပါတယ်။ တရား​သဖြင့်​ နိုင်တာကိုပဲ ပြည်ခိုင်ဖြိုး​ပါတီက ဂုဏ်ယူမှာ ဖြစ်ပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024