Home
မြန်မာသတင်း
စက်ရုံကြိုပို့ယာဉ် နောက်ပြန်လိမ့်ရာမှ စက်ရုံဝန်ထမ်း ၁ ဦး ကားညှပ်သေဆုံး
DVB
·
September 15, 2017
ပဲခူးမြို့နယ်၊ ဘဏ္ဍာကုန်းကျေးရွာ အင်းလေးရှူးစက်ရုံအနီးမှာ စက်တင်ဘာ ၁၄ ရက် ည ၈ နာရီလောက်က စက်ရုံကြို/ပို့ယဉ်တစီး နောက်ပြန်လိမ့်ပြီး လုပ်သားတဦး သေဆုံးသွားတယ်လို့ သိရပါတယ်။ ဖြစ်စဉ်မှာ ပဲခူးမြို့၊ ဥသာမြို့သစ်(၂)ရပ်ကွက် ယာဉ်မောင်း ဇော်လျှန်းမောင် မောင်းနှင်တဲ့ စက်ရုံကြို/ပို့ယဉ်ဟာ အင်းလေးရှူးဖိနပ် စက်ရုံလမ်းအတိုင်း မောင်းနှင်လာချိန် ကုန်းတက်မှာ နောက်ပြန်လိမ့်လာပြီး အနောက်မှာရှိတဲ့ စက်ရုံကြို/ပို့ ယာဉ်ခေါင်းပိုင်းကို လာရောက်ဆောင့်မိစဉ် အနောက်ကနေ လမ်းလျှောက်လာတဲ့ အင်းလေးရှူးဖိနပ်စက်ရုံက လုပ်သားတဦးဖြစ်တဲ့ မောင်ရဲရင့်ကျော်ကို ညှပ်ကြိတ်မိခဲ့တာဖြစ်ပါတယ်။ ကားနှစ်စီးကြားညှပ်မိတဲ့အတွက် မောင်ရဲရင့်ကျော်မှာ ရင်ဘက်ညိုမဲဒဏ်ရာ၊ နား၊ နှာခေါင်း၊ ပါးစပ်တို့မှာ သွေးထွက်ဒဏ်ရာတွေနဲ့ ပဲခူးဆေးရုံကို ပို့ဆောင်ပေးချိန် သေဆုံးသွားခဲ့ပြီး ယာဉ်မောင်း ဇော်လျှန်းမောင်ကတော့ ထွက်ပြေသွားတယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ဇော်လျှန်းမောင်ကို အရေးယူပေးဖို့ ရဲအုပ်မောင်ဌေးက တရာလိုပြုလုပ်တိုင်တန်းလို့ အင်းတကော် နယ်မြေရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၀၄(က)/၂၀၂ နဲ့ အမှုဖွင့်ပြီး တရာခံဖမ်းမိရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ အောင်စိုးမိုး (ပဲခူး)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024