Home
မြန်မာသတင်း
အင်းတော်တွင် ဘိန်းဖြူ ၈၈ သိန်း ကျော်ဖိုး ဖမ်းမိ
DVB
·
September 15, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် နဘားလမ်းဆုံမှာ စက်တင်ဘာ ၁၅ ရက် ည ၁၂ နာရီခွဲက မူးယစ်ဆေးဝါး ကျပ် ၈၈ သိန်းကျော်ဖိုး ဖမ်းဆီးရမိခဲ့တယ်လို့ အင်းတော်မြို့မရဲစခန်းက နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် အောင်အောင်က ပြောပါတယ်။ ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု(၆) ကသာက ရဲအုပ်ကျော်မင်းထွန်းနဲ့အဖွဲ့၊ အင်းတော်မြို့မ ရဲစခန်းက နယ်ထိန်းခေါင်းဆောင်ဒုရဲအုပ် အောင်အောင်နဲ့ အဖွဲ့ဟာ မူးယစ်ဆေးဝါးသတင်းအရ သက်သေတွေနဲ့အတူ နဘားလမ်းဆုံကို သွားရောက်ခဲ့ရာ နဘားလမ်းဆုံမှာ ဦးမောင်သိန်းနဲ့အတူ မခင်စောဦးတို့ကို ကင်ဘို 125 ဆိုင်ကယ်နဲ့ အတူတွေ့ရလို့ စစ်ဆေးရှာဖွေရာ မခင်စောဦး ကိုင်ဆောင်ထားတဲ့ လက်ကိုင်အိတ်အတွင်းမှ မူးယစ်ဆေးဝါးရောင်းရငွေ(၇၉၀၀၀)ကျပ်၊ ဘိန်းဖြူ အလေးချိန်(၁)ခွက်လျှင်(၁၁)ဂရမ်ခန့်စီပါ ရောင်စုံဆပ်ပြာခွက် ၈ ခွက်တို့ကို သိမ်းဆည်းရမိခဲ့ တယ်လို့ အင်းတော်မြို့မရဲစခန်းက နယ်ထိန်း ခေါင်းဆောင်ဒုရဲအုပ် အောင်အောင်က ပြောပါတယ်။ အင်းတော်မြို့မရဲစခန်းက မူးယစ်ဆေးဝါး သယ်ဆောင်လာသူ မောင်သိန်းနဲ့ ခင်စောဦး တို့ကို မူးစိတ် ၁၅/၁၉(က)/၂၀(က)/၂၁ တို့နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။ ကိုကိုလင်း(အင်းတော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024