အိန္ဒိယနိုင်ငံ ယမုံနာမြစ်တွင် လှေတစင်းတိမ်းမှောက်၊ အနည်းဆုံး ၁၉ ဦးသေဆုံး

ဓာတ်ပုံ - IANS
အိန္ဒိယနိုင်ငံ ဥတာပရာဒေ့ရှ်ပြည်နယ် ယမုံနာမြစ်မှာ စက်တင်ဘာ ၁၄ ရက်နေ့က လှေတစင်း မှောက်ခဲ့တာကြောင့် အနည်းဆုံး ၁၉ ဦး သေဆုံးပြီး ၁၀ ဦး ပျောက်ဆုံးနေတယ်လို့ ကယ်ဆယ်ရေးဆောင်ရွက်နေသူ ရဲအရာရှိတဦးက ပြောပါတယ်။ လူ ၂၅ ဦးသာဆန့်တဲ့လှေပေါ်မှာ အယောက် ၄၀ လိုက်ပါခဲ့ပြီး လိုက်ပါသူတွေဟာ လယ်တောဆီသွားကြတဲ့ လယ်သမားတွေ ဖြစ်ကြပါတယ်။ အခုချိန်ထိ ၁၁ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ဆေးရုံကို ပို့ဆောင်ထားတယ်လို့ အဲဒီ ရဲအရာရှိက ဆိုပါတယ်။ လှေဟာ ကတ်သာရွာ မြစ်ကမ်းကနေ မလှမ်းမကမ်းမှာ မှောက်ခဲ့ပြီး လှေသမားကို ရဲက စုံစမ်းမေးမြန်းနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up