ကွင်းလယ်လူ အိုဇေးလ်နှင့် စာချုပ်သက်တမ်းတိုးနိုင်ရန် အာဆင်နယ် ဆက်လက်ဆွေးနွေး

ဓာတ်ပုံ - ရိုက်တာ
အာဆင်နယ်အသင်းဟာ ကွင်းလယ်ကစားသမား အိုဇေးလ်ကို စာချုပ်သက်တမ်းတိုးနိုင်ဖို့ ဆက်လက်ဆွေးနွေးနေတယ်လို့ သိရပါတယ်။ ဂျာမနီလက်ရွေးစင် အိုဇေးလ်ဟာ ဒီနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး အာဆင်နယ်အသင်းက အမြန်ဆုံး သက်တမ်းတိုးဖို့ ကမ်းလှမ်းထားပေမယ့် အိုဇေးလ်ဘက်က ပယ်ချထားတာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ အိုဇေးလ်အတွက် တပတ်လုပ်ခ ပေါင် ၂၇၅၀၀၀ အထိ တိုးမြှင့်ပေးဖို့ ကမ်းလှမ်းထားပြီး အဆင်ပြေမယ်လို့ အာစင်ဝင်းဂါးက မျှော်လင့်ထားပါတယ်။ အိုဇေးလ်ရဲ့ စာချုပ်သက်တမ်းတိုးဖို့ကိစ္စနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ သြဂုတ်လအကုန်ကတည်းက စတင်ဆွေးနွေးခဲ့ပေမယ့် ပြိုင်ပွဲတွေ ရှိလာတဲ့အတွက် ပြိုင်ပွဲအပေါ်မှာပဲ အာရုံစိုက်နေတာကြောင့် အခုလို ကြန့်ကြာနေတာ ဖြစ်တယ်လို့လည်း အာစင်ဝင်းဂါးက ပြောကြားခဲ့ပါတယ်။ အာဆင်နယ်အသင်းရဲ့ နောက်ထပ် အဓိက ကွင်းလယ်ကစားသမား ဆန်းချက်ဇ်လည်း ဒီနှစ်ရာသီအကုန်မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပေမယ့် ဆန်းချက်ဇ်က စာချုပ်သစ်ချုပ်ဆိုဖို့ ငြင်းဆန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up