Home
မြန်မာသတင်း
ပေါင်မြို့နယ်တွင် အမျိုးသားတဦး ဆွဲကြိုးချ သေဆုံး
DVB
·
September 14, 2017
ပေါင်မြို့နယ်၊ ကျားဘိုကျေးရွာမှာ စက်တင်ဘာ ၁၃ ရက် ညနေပိုင်းက အမျိုးသားတဦး ကြိုးဆွဲချသေဆုံးခဲ့မှု ဖြစ်ပွားခဲ့တယ်လို့ အလှပ်ရဲကင်းစခန်းက ပြောပါတယ်။ ဖြစ်စဉ်မှာ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျားဘိုကျေးရွာနေ မောင်အောင်ဝင်း (ခ) မောင်အာဒီဂျီးနားဟာ စက်တင်ဘာ ၁၃ ရက်နေ့၊ မနက် ၉ နာရီက ကဏန်းနှိုက်ဖို့ နေအိမ်က ထွက်သွားပြီးနောက် ညနေ ၃ နာရီလောက်မှာ အမြင့် ၁၂ ပေလောက်ရှိတဲ့ သမဲ့ပင်ကိုင်းကို ချည်နှောင်ပြီး ကြိုးအရှည် ၆ ပေလောက်နေရာမှ လည်ပင်းကို ချည်နှောင်ကာ ပါးစပ်မှသရေကျပြီး ပြင်ပဒဏ်ရာတစုံတရာမရှိဘဲ ကြိုးဆွဲချသေဆုံးခဲ့တာ ဖြစ်တယ်လို့ ရဲစခန်းကသိရပါတယ်။ အလှပ်ရဲကင်းစခန်းမှူး ရဲအုပ်တင့်လွင်က “အုပ်ချုပ်ရေးမှူးဖုန်းဆက်ခေါ်လို့ အခင်းဖြစ်နေရာကို လိုက်သွားတော့ သစ်ပင်ကိုင်းမှာကြိုးတန်းလန်းနဲ့ တွေ့ခဲ့တာပါ။ သူ့ရဲ့စိတ်ကလည်း ပုံမှန်မရှိဘူး လို့ပြောတယ်။ ကဏန်းနှိုက်ဖို့ ထွက်သွားရာကနေ ခုလိုကြိုးဆွဲချ သေဆုံးခဲ့တာပါ။ ရဲလုပ်ငန်းနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမှာပါ" လို့ပြောပါတယ်။ ကြိုးဆွဲချသေဆုံးခဲ့သူ မောင်အောင်ဝင်း(ခ)မောင်အာဒီဂျီးနားသည် အရက်အလွန်အကျွံ သောက်စားတတ်သူတဦးဖြစ်ပြီး တခါတရံမှာ စိတ်ဖောက်ပြန်တတ်သူတဦးဖြစ်တယ်လို့ မိခင်ဖြစ်သူဒေါ်လှထွေး(ခ)ဒေါ်ဖိုးစွတ်ပါးက ပြောပါတယ်။ ပေါင်မြို့မရဲစခန်းက သေမှုသေခင်းနှစ်စဉ်အမှတ် ၄၈/၂၀၁၇ နဲ့ အမှုဖွင့်စစ်ဆေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း-ယူမင်းစိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024