ချန်ပီယံလိဂ်အုပ်စုအိတ်ခ်ျ ရီးရဲလ် ၃ – ၀ အေပိုး၊ စပါး ၃ – ၁ ဒေါ့မွန် (ရုပ်သံ)

ချန်ပီယံလိဂ် အုပ်စု အိတ်ခ်ျ အဖွင့်ပွဲစဉ်အဖြစ် လာလီဂါထိပ်သီး ရီးရဲလ်နဲ့ ဆိုက်ပရပ်စ်ကလပ် အေပိုး နီကိုးရှားတို့ မနေ့ညက ယှဉ်ပြိုင်ရာ ရီးရဲလ်က ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ရီးရဲလ်မက်ဒရစ်မှာ တိုက်စစ်မှူး ရော်နယ်ဒို ပြန်လည်ပါဝင်လာခဲ့ပြီး ရှေ့တန်းမှာ ဘေးလ်နဲ့ တွဲဖက် ကစားသွားပါတယ်။ အိမ်ကွင်းမှာယှဉ်ပြိုင်ရတဲ့ ဒီပွဲမှာ ရီးရဲလ်ဟာ ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းအထိ ရှိခဲ့သလို ဂိုးကန်သွင်းခွင့်မှာလည်း အပြတ် အသာစီးရခဲ့ပါတယ်။ ရီးရဲလ်အတွက် ပွဲချိန် ၁၂ မိနစ်မှာ ရော်နယ်ဒိုက ပထမဂိုး၊ ပွဲချိန် ၅၁ မိနစ်မှာ ပယ်နယ်တီမှတဆင့် ရော်နယ်ဒိုကပဲ ဒုတိယဂိုး၊ ၆၁ မိနစ်မှာ ရာမို့စ်က တတိယဂိုး သွင်းယူပေးခဲ့ပါတယ်။
ဒီအုပ်စုကပဲ တော့တင်ဟမ်ဟော့စပါးနဲ့ ဒေါ့မွန်တို့ ပွဲစဉ်မှာတော့ စပါးက အိမ်ကွင်းမှာ ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ စပါးအတွက် ဂိုးတွေကို ပွဲအစ ၄ မိနစ်မှာ ဆွန်ဟောင်မင်၊ ၁၅ မိနစ်နဲ့ မိနစ် ၆၀ မှာ တိုက်စစ်မှူး ဟယ်ရီကိန်းတို့က သွင်းယူပေးခဲ့ပါတယ်။ ဒေါ့မွန်အတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ပွဲချိန် ၁၁ မိနစ်မှာ ယာမိုလန်ကိုက သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်း ပြီးခါနီး နာကျင်အချိန်ပိုမှာ စပါးနောက်ခံလူ ဗာတွန်ဂန် နှစ်ဝါတနီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒီပွဲအတွက် အကောင်းဆုံး ကစားသမားအဖြစ် စပါးအတွက် ၂ ဂိုး သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကို သတ်မှတ်ခဲ့ပါတယ်။

More News
Up