ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ

မတ်ပဲ ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ မတ်ပဲက ၁ တန်ကို ငွေကျပ် ၅၄၉,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၂၇,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ပဲစင်းငုံ ပဲစင်းငုံကတော့ ဒီနေ့မှာ ၁ တန်ကို ၂,၅၀၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ငွေကျပ် ၄၁၆,၀၀၀ ပေါက်ဈေးရှိနေပါတယ်။ ပဲတီစိမ်း ပဲတီစိမ်းကတော့ ဒီနေ့မှာ ၁ ပိဿာကို ၁,၅၅၀ ကျပ်ကနေ ငွေကျပ် ၂,၂၅၀ ပေါက်ဈေး ရှိနေပြီး ၁ ပိဿာကို ၈၅ ကျပ် ဈေးကျဆင်းသွားပါတယ်။ ကုလားပဲခြမ်း ကုလားပဲခြမ်းကတော့ ဒီနေ့မှာ ၁ ပိဿာကို ၂,၈၀၀ ကျပ်ကနေ ငွေကျပ် ၂,၉၀၀ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၁၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန်ကျည်းသီး မန်ကျည်းသီးကတော့ ဒီနေ့မှာ ၁ ပိဿာကို ၂,၄၀၀ ကျပ်ကနေ ငွေကျပ် ၃,၅၀၀ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၁၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ဘိုကိတ်ပဲ ဘိုကိတ်ပဲကတော့ ဒီနေ့မှာ ၁ ပိဿာ ၅၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁,၃၃၀ ကျပ်ကနေ ငွေကျပ် ၁,၄၂၀ ပေါက်ဈေးရှိနေပါတယ်။ ကြက်သွန်နီ ကြက်သွန်နီကတော့ ဒီနေ့မှာ ၁ ပိဿာကို ၁,၇၀၀ ကျပ်ကနေ ငွေကျပ် ၂,၂၂၅ ပေါက်ဈေးရှိပါတယ်။ ကြက်သွန်ဖြူ ကြက်သွန်ဖြူကတော့ ဒီနေ့မှာ ၁ ပိဿာကို ၂,၅၅၀ ကျပ်ကနေ ငွေကျပ် ၃,၇၀၀ ပေါက်ဈေးရှိပါတယ်။ အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။ သတင်း - AMIA

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up