DVB Logo
Home
မြန်မာသတင်း
ပဲခူး​တိုင်း​မှာ ​ရွေး​ကောက်ပွဲဆိုင်ရာ ပြဿနာ​တွေ ​ပေါ်​ပေါက်
DVB
·
March 21, 2012
ပဲခူး​တိုင်း​မှာ ​ရွေး​ကောက်ပွဲဆိုင်ရာ ပြဿနာ​တွေ ​ပေါ်​ပေါက်
Donate to DVB

ကြား​ဖြတ်​ရွေး​ကောက်ပွဲကျင်း​ပဖို့​ ရက်ပိုင်း​လောက်ပဲ လို​တော့​တဲ့​အချိန်မှာ ပဲခူး​တိုင်း​ က၀မြို့နယ်အတွင်း​က ​ကျေး​ရွာ​တွေမှာ မဲစာရင်း​ကွာဟမှု​တွေရှိ​နေတယ်လို့​ အဲဒီ မဲဆန္ဒနယ် အမှတ် ၂ တိုင်း​ဒေသကြီး​ လွှတ်​တော်​နေရာအတွက် ဝင်ပြိုင်မယ့်​ အန်အယ်လ်ဒီပါတီ လွှတ်​တော် ကိုယ်စားလှယ်လောင်း​ ဦး​မျိုး​ခိုင်က ​ပြောပါတယ်။

“မဲစာရင်း​တွေ ကွာဟချက်​ပေါ့​။ ဘာ​တွေ​တွေ့​ရလည်း​ဆို​တော့​ ထပ်​နေတာ​တွေလည်း​ ​တွေ့​ရတယ်။ မပါတာ ​တွေလည်း​ ​တွေ့​ရတယ်။ ၁၈ နှစ်ပြည့်​ပြီး​ မဲ​ပေး​နိုင်တဲ့​သူ မဲစာရင်း​ထဲ မပါဘူး​။ အဲဒါ​တွေကို ​ကော် မရှင်နဲ့​တွေ့​ပြီး​ ​တော့​ မပါတဲ့​သူ​တွေကို ရပ်/​ကျေး​ကော်မရှင်​တွေမှာ ပြန်သွင်း​ခိုင်း​တယ်။ တချို့​ဆို အ​ယောက် ၃၀၊​ ၄၀ ​လောက်ထိ မပါတာ​တွေ့​ရတယ်။ တချို့​ဆို ၂၀ ​လောက်​ပေါ့​။ ၄ - ၅ - ၁၀ ​ယောက်က​တော့​ ရွာ တိုင်း​နီး​ပါး​ပဲ ကွာတယ်။ မဲရုံ​ပေါင်း​ ၈၅ ခု၊​ ရပ်/​ကျေး​မဲရုံမှူး​တွေ ​အောင်နိုင်​ရေး​ အဖွဲ့​တွေကို ချ​ပေး​ပြီး​ စိစစ်ခိုင်း​ပြီး​ ရပ်/​ကျေး​ ​ကော်မရှင်မှာ ၁၈ နှစ်ပြည့်​ပြီး​ မပါတဲ့​စာရင်း​ကို ထပ်တိုး​ခိုင်း​ထား​တယ်။” လို့​ပြောပါတယ်။

ကျေး​ရွာတချို့​မှာ အခုလို မဲစာရင်း​ကွာဟမှု​တွေရှိ​နေလို့​ မြို့​နယ် ​ကော်မရှင်ထံကို တင်ပြ​နေချိန်မှာပဲ၊​ ပြည်ခိုင်ဖြိုး​ပါတီဝင်လို့​ဆိုပြီး​ အန်အယ်လ်ဒီပါတီဝင်တချို့​ကို ခြိမ်း​ခြောက်တာ​တွေလည် ​အောက်​ခြေမှာ ဖြစ်​နေ တယ်လို့​ ကဝမြို့​နယ် ခနာ​ကျေး​ရွာက ပါတီဝင်​တွေက ​ပြောပါတယ်။

ပြည်ခိုင်ဖြိုး​ ပါတီဝတ်စုံဝတ်ထား​တဲ့​ တရွာတည်း​သား​ ကို​အောင်​ကျော်ဦး​ဟာ အန်အယ်လ်ဒီပါတီ ဝင်​တွေကို ခြိမ်း​ခြောက် ​နေတဲ့​အပြင်၊​ ညဘက်အစည်း​အ​ဝေး​ လုပ်​နေတုန်း​မှာလည်း​ ​လေး​ခွနဲ့​ ပစ်ခတ်သွား​ တယ်လို့​ ခနာရွာက အဖွဲ့​ချုပ်ဝင် ဦး​တင်ထူး​က ​ပြောပါတယ်။

“ကျ​နော်တို့​ရွာမှာ ပြည်ခိုင်ဖြိုး​က အမည်တပ်ထား​တဲ့​ ဝတ်စုံ​တွေဝတ်ပြီး​တော့​ ကျ​နော်တို့​ အန်အယ်လ်ဒီပါတီကို ဒီရုံး​ကို ဖျက်ဆီး​ပစ်မယ်၊​ သူ့​ကို ဘာ​ကောင်မှတ်​နေလဲ၊​ သူက ပြည်ခိုင်ဖြိုး​ဆိုပြီး​ ပြည်ခိုင်ဖြိုး​ အဝတ်အစား​တွေ ဝတ်ထား​ပြီး​ အန်အယ်လ်ဒီပါတီက ဘာအရာ​ရောက်မှာလဲ၊​ ဘာ ​ကောင်မို့​လည်း​ပေါ့​ ပုံစံမျိုး​နဲ့​ ကြိမ်း​ဝါး​တယ်။ ရွာထဲမှာလည်း​ တအိမ်တက် တအိမ်ဆင်း​နဲ့​ သူ​လျှောက် ​ပြောသွား​ ယ်။ ကို​ဌေး​ကိုလည်း​ ဝတ်စုံ​တွေဝတ်ပြီး​တော့​ ဓါး​နဲ့​ထိုး​သတ်လို့​ရတယ်။ ​နေ့​လည်မှာကြိမ်း​မောင်း​ပြီး​ ညဖက်မှာ ​လေး​ဂွနဲ့​လာပစ်သွား​တယ်။”

ခုလို ပြည်ခိုင်ဖြိုး​ပါတီဝင်က အန်အယ်လ်ဒီပါတီဝင်​တွေ ခြိမ်း​ခြောက်ခံ​နေရတာကို ​ကျေး​ရွာအုပ်ချုပ်​ရေး​မှူး​ကလည်း​ ကြား​က ​ဖြေရှင်း​မ​ပေး​ရဲတာ​ကြောင့်​ ကဝမြို့​နယ် အုပ်ချုပ်​ရေး​မှူး​ကို တိုင်ကြား​ထား​ တယ်လို့​ သိရပါတယ်။

တိုင်း​ဒေသကြီး​လွှတ်​တော် ကဝမြို့​နယ် မဲဆန္ဒနယ်အမှတ် (၂)မှာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ကိုယ်စား​လှယ်​လောင်း​ ဦး​မျိုး​ခိုင်နဲ့​ ပြည်​ထောင်စုကြံ့​ခိုင်​ရေး​နှင့်​ ဖွံ့​ဖြိုး​ရေး​ပါတီက ကိုယ်စား​လှယ်​လောင်း​ ဦး​အေး​ဝင်း​တို့​ အဓိက ယှဉ်ပြိုင်ရမှာပါ။

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဗဟိုက​တော့​ စစ်ကိုင်း​တိုင်း​၊​ တနင်္သာရီတိုင်း​၊​ မန္တ​လေး​တိုင်း​အတွင်း​မှာ ​ရွေး​ကောက်ပွဲ မသမာမှု​တွေကို မဲစာရင်း​ကွာဟမှု​တွေ ကျယ်ကျယ်ပြန့်​ပြန့်​ရှိ​နေတယ်လို့​ သတင်း​ ထုတ်ပြန်ထား​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013