ပုသိမ်သူ ရှပ်​ပြေး​ယာဉ်​မှောက်မှု ၄ ဦး​သေဆုံး

ဧရာဝတီတိုင်း​ ပုသိမ်- ငပု​တော- သရက်​တော ခရီး​စဉ်ကို ​ပြေး​ဆွဲ​နေတဲ့​ ပုသိမ်သူ သ​င်္ဘော (ရှပ်​ပြေး​-၁၁) ​ရေယာဉ်ယာဉ် တိမ်း​မှောက်မှုမှာ အမျိုး​သမီး​ ၄ ဦး​ ​သေဆုံး​သွား​တယ်လို့​ ငပု​တော​ဆေး​ရုံက ဒီဗွီဘီကို အတည်ပြု​ပြောပါတယ်။ ငပု​တော ​ဆေး​ရုံ တာဝန်ရှိသူတဦး​က ‘​လော​လောဆယ်က​တော့​ အရှင်​တွေ့​တာ ၆၅ ဦး​ပါ။ ​သေတာက​တော့​ ၄ ​ယောက်။ အမျိုး​သမီး​ ၄ ​ယောက်ပါ။ ပထမ ​သေတာ ၂ ​ယောက် ၊​ ​နောက် အ​လောင်း​တွေ့​တာ ၂ ​ယောက်ပါ။ ကမ်း​နား​တင်ပဲ အသက်ကယ်ဖို့​ကြိုး​စား​တာ ဒါ​ပေမယ့်​ ပြန်ရှင်မလာ​တော့​ဘူး​’ လို့​ ​ပြောပါတယ်။ ​ပျောက်ဆုံး​နေသူ​တွေကို ရှာ​ဖွေ​နေဆဲဖြစ်ပြီး​ သ​င်္ဘောမှာ လူအ​ရေအတွက် ဘယ်​လောက်ပါလဲဆိုတာ အတိအကျမသိရလို့​ ခန့်​မှန်း​လို့​ မရဘူး​လို့​ ​ဆေး​ရုံက ​ပြောပါတယ်။ ပုသိမ်သူရှပ်​ပြေး​ယာဉ်ဟာ ငပု​တော တဖက်ကမ်း​ ကန်ဆိပ်ရွာမှာအနီး​မှာ မ​နေ့​ မွန်း​လွဲပိုင်း​ ၃ နာရီ ​လောက်က မ​တော်တဆ တိမ်း​မှောက် နစ်မြုပ်ခဲ့​ပါတယ်။ သ​င်္ဘော​ပေါ်မှာ ခရီး​သွား​ ၁၀၀ ဝန်း​ကျင်​လောက် ပါလာပြီး​ ဝန်ပို​တွေ​ကြောင့်​ မထိန်း​နိုင်ဘဲ ​ရေယာဉ် တိမ်း​မှောက်ရတာလို့​ တချို့​ဒေသခံ​တွေက ​ပြောပါတယ်။ ​ရေယာဉ်တိမ်း​မှောက်ချိန်မှာ ရာသီဥတု​ကောင်း​ မွန်ပြီး​ ကမ်း​ကိုကပ်ဖို့​အ​ကွေ့​မှာ တိမ်း​မှောက်တာလို့​လည်း​ ဆိုပါတယ်။ ပုသိမ်သူ ၁၁ ရှပ်​ပြေး​ အမြန်​ရေယာဉ်ဟာ တရုတ်နိုင်ငံထုတ် YANGDONG 70 BHP အင်ဂျင်ကို ​လောင်စာဆီ ကုန်ကျသက်သာ​အောင် စပါး​ခွံဓာတ်​ငွေ့​နဲ့​ စမ်း​သပ်​မောင်း​နှင်​ပြေး​ဆွဲ​နေတဲ့​ ​ရေယာဉ်ဖြစ်ပါတယ်။ ပြီး​ခဲ့​တဲ့​ ၂၀၁၁ ခုနှစ်၊​ စက်တင်ဘာလကမှ ပုသိမ်-ငပု​တော-သရက်​တော ခရီး​စဉ် စတင်​ပြေး​ဆွဲတာလို့​သိရပါတယ်။

More News
Up