Home
မြန်မာသတင်း
A(H1N1)ရောဂါဖြစ်ပွားမှု ထိန်းချုပ်နိုင်သည့် အခြေအနေအဖြစ် သတ်မှတ်ဆောင်ရွက်နေ
ပိုင်စိုး
·
September 13, 2017
21751669_1308048745989655_4921836476044203221_n
  မြန်မာနိုင်ငံထဲမှာ ရာသီတုပ်ကွေးရောဂါ  A(H1N1)ရောဂါဖြစ်ပွားကူးစက်တာ သိသိသာသာ ကျဆင်းလာတာကြောင့် ထိန်းချုပ်နိုင်တဲ့အခြေအနေအဖြစ် သတ်မှတ်ဆောင်ရွက်နေပြီလို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၁ ရက်ကနေ ၁၂ ရက်နေ့အထိ သေဆုံးသူတစ်ယောက်ပဲ ရှိပြီး ဆေးရုံကြီးတွေမှာ တက်ရောက်ကုသတဲ့ လူနာအရေအတွက်ကျဆင်းလာတာကြောင့် ရောဂါပြင်းထန်မှု အဆင့်အနိမ့်ဆုံးအခြေအနေကို ရောက်သွားပြီလို့ ဝန်ကြီးဌာနရဲ့ သုံးသပ်ချက်မှာ ဖော်ပြထားပါတယ်။ ဇူလိုင်လ နောက်ဆုံးပတ်ကနေ သြဂုတ်လ ဒုတိယပတ်အထိ ရောဂါဖြစ်ပွားမှု အများဆုံးကာလဖြစ်ခဲ့ပြီး သြဂုတ် ၁၅ ရက်ကစပြီး  သိသိသာသာ ကျဆင်းလာတာပါ။ လက်ရှိမှာတော့ သာမန်ရာသီတုပ်ကွေးရောဂါဖြစ်ပွားတယ်လို့ သတ်မှတ်နိုင်ပေမယ့် အသက်ငယ် လွန်းသူတွေ၊ အသက်ကြီးသူတွေနဲ့ ဆီးချို၊ နှလုံးရောဂါ၊ ပန်းနာရင်ကျပ် နာတာရှည်ရောဂါရှိသူတွေ အနေနဲ့ ရောဂါကူးစက်ခံရရင်တော့ ပြင်းထန်ပြီး အသက်အန္တရာယ် ရှိနိုင်တယ်လို့ဆိုပါတယ်။ စက်တင်ဘာလ ၁၁ ရက် မွန်းလွဲ ၂ နာရီအထိ လတ်တလော ပြင်းထန် အသက်ရှူ လမ်းကြောင်းရောဂါနဲ့ ဆေးရုံတက်လူနာ ၁၁၃၁ ယောက်ရှိခဲ့ပြီး A(H1N) ပိုးတွေ့လူနာ ၃၉၈ ယောက်၊ H3N2 ပိုးတွေ့လူနာ ၄၆ ယောက် ရှိခဲ့ပါတယ်။ ရန်ကုန်တိုင်း၊  ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းတွေမှာ ရောဂါအများဆုံးဖြစ်ပွားခဲ့တာပါ။ လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်းပိုးဝင်ရောဂါနဲ့ ဆေးရုံတက်လာသူထဲက  သေဆုံးသူ ၃၇ ယောက်ရှိပြီး H1N1 ပိုးတွေ့ပေမယ့် ရာသီတုပ်ကွေးရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကြောင့် သေတာမဟုတ်ပဲ တခြားရောဂါအခံတွေကြောင့် သေဆုံးသူ ၂၂ ယောက် ရှိခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024