DVB Logo
Home
မြန်မာသတင်း
ပဒိုမန်းငြိမ်းမောင် နေပြည်တော်မှာ ရောက်နေ
DVB
·
March 20, 2012
ပဒိုမန်းငြိမ်းမောင် နေပြည်တော်မှာ ရောက်နေ
Donate to DVB

တသက်တကျွန်း ပြစ်ဒဏ်ကျခံထားရာကနေ မနေ့ကမှ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ခေါင်းဆောင် တဦးဖြစ်သူ ပဒိုမန်းငြိမ်းမောင်ဟာ လက်ရှိ နေပြည်တော်မှာ ရောက်ရှိနေပြီး ကျန်းမာရေး ဆေးစစ် မှုတွေ ပြုလုပ်နေတယ် လို့ ပြောပါတယ်။

[caption id="attachment_14974" align="alignleft" width="300" caption="ပဒို မန်းငြိမ်းမောင်"][/caption]

လက်ရှိအနေအထားမှာ  ကျန်းမာရေး ကောင်းမွန်နေပြီး သူ့ကို ၁ ပတ် အတွင်း မြန်မာ ထိုင်းနယ်စပ် ကို ပြန်ပို့မယ် လို့ အစိုးရ တာဝန် ရှိသူတွေက ပြောဆိုကြောင်း ဒီဗွီဘီကို ပြောပြပါတယ်။

“ကျနော့်ကို လွှတ်ပေးလိုက် ပါပြီ၊ နေပြည်တော်ကို ဧည့်သည်အနေ နဲ့ ရောက်ရှိနေပါတယ်။ မီဒီယာနဲ့ မပြောသေးဖို့ အစိုးရက ကျနော့် ကို မေတ္တာရပ်ခံထားပါတယ်။ အခု ကျနော် ကျန်းမာပါတယ်။ ကျန်းမာရေး စစ်မှုလုပ်နေပါတယ်။”

တရားစွဲတင်ခံရမှုနဲ့ ပတ်သက်ပြီး မေးမြန်းပေမယ့် အစိုးရ တာဝန်ရှိသူတွေက မီဒီယာနဲ့ မပြောဖို့ တောင်းပန်ထားသေးတဲ့ အတွက် အသေးစိတ် ဖြေကြားခြင်း မရှိပါဘူး။

ပဒိုမန်းငြိမ်းမောင်ဟာ အစိုးရက  နိုင်ငံတော် ပုန်ကန်မှုနဲ့  တရားစွဲ ခံခဲ့ရပြီး မတ် ၁၃ ရက် နေ့က   အင်းစိန် ထောင်တွင်း တရားရုံးမှာ တသက်တကျွန်းပြစ်ဒဏ် ချမှတ်ခဲ့တာပါ။

ဒါပေမယ့် မတ်လ ၁၉ ရက် မနက်က တော့ ပုဒ်မ ၄၀၁ အရ  သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာ ခွင့်နဲ့ ပြန်လည် လွတ်မြောက် လာခဲ့ပြီး မနက်ပိုင်းမှာပဲ နေပြည်တော်ကို ဧည့်သည်တော် အဖြစ် ရောက်ရှိနေတာ ဖြစ်ပါတယ်။

မန်းငြိမ်းမောင်ဟာ ပြီးခဲ့သည့် နှစ် ဇူလိုင်လ အတွင်း တရုတ်ပြည် ကူမင်းလေဆိပ် ကနေ မြန်မာနိုင်ငံ ရန်ကုန် လေဆိပ်ကို ပို့ဆောင်ခံရပြီး လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ တရားမ၀င် စာရွက် စာတမ်း ကိုင်ဆောင်မှု၊ တရားမ၀င် အသင်းအဖွဲ့  ဆက်သွယ်မှုတွေနဲ့  ဖမ်းဆီး အရေးယူ ခံခဲ့ရပါတယ်။

အဲဒီနောက် ကေအန်ယူ ဗဟိုကော်မတီဝင် ဖြစ်တာကြောင့် နိုင်ငံတော် ပုန်ကန်မှု ဥပဒေ ပုဒ်မ ၁၂၂/၁ နဲ့၊ မတရား အသင်း ပုဒ်မ ၁၇/၁ တို့နဲ ထပ်မံ စွဲချက်တင် တရားစွဲခံ ခဲ့ရပြီး ပြီးခဲ့တဲ့ အပတ်က  ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013