Home
မြန်မာသတင်း
ရန်ကုန်လွှတ်တော်ရေးရာကော်မတီဝင်များ တိုးချဲ့ တာဝန်ပေး
အာကာ
·
September 11, 2017
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရေးရာ ကော်မတီ ၄ ခုမှာ အဖွဲ့ဝင်သစ် ၅ ဦးကို ထပ်မံထည့်သွင်း တာဝန်ပေးအပ်လိုက်ပါတယ်။ စက်တင်ဘာလ ၁၁ ရက်နေ့က ပြုလုပ်တဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး စတုတ္ထနေ့မှာ အဖွဲ့ဝင်သစ်တွေကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းလွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ကော်မတီမှာ အဖွဲ့ဝင်အဖြစ် တာမွေမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ကတိကဝတ်၊ အာမခံချက်များနှင့် လွှတ်တော်အခွင့်အရေးကော်မတီ အဖွဲ့ဝင်အဖြစ် ကျောက်တန်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးလွင်၊ တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ရေးကော်မတီ အဖွဲ့ဝင်တွေအနေနဲ့ လမ်းမတော်မြို့နယ် မဲဆန္ဒနယ် အမှတ်-၂ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွန်းနဲ့ သုံးခွမြို့နယ် မဲဆန္ဒနယ် အမှတ်၂ လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဆွေတို့ကို တာဝန်ပေးအပ်လိုက်တာပါ။ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေးနှင့် စက်မှုလက်မှုရေးရာကော်မတီမှာ အဖွဲ့ဝင်အဖြစ်ပါရှိတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ကြီးရဲအောင်အစား ဒုတိယဗိုလ်မှူးကြီး သန့်ဇင်လှိုင်ကို အဖွဲ့ဝင်အဖြစ် ပြောင်းလဲအတည်ပြုခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024