လိင်ဆက်ဆံဖော်အရုပ်များက လူသတ်စက်ရုပ်များ ဖြစ်လာနိုင်ဟု ပညာရှင်များ သတိပေး (ရုပ်သံ)

လတ်တလော ရေပန်းစားနေတဲ့ လိင်ဆက်ဆံဖော်အရုပ်တွေဟာ မကြာခင်မှာ လူ့အဖွဲ့အစည်းအတွင်း သေစေလောက်တဲ့အထိ ခြိမ်းခြောက်နိုင်တဲ့ အခြေအနေတွေ ဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးလိုက်ပါတယ်။ နည်းပညာတိုးတက်လာမှုတွေက လိင်ဆက်ဆံဖော်အရုပ် တီထွင်ဖန်တီးသူတွေကို အရင်ကထက်ပိုပြီး အမျိုးသား၊ အမျိုးသမီး အစစ်အမှန်တွေအတိုင်း ပုံစံတူကူး လုပ်ဆောင်နိုင်လာပြီး တချို့လိင်ဆက်ဆံဖော်အရုပ်တွေက စကားပြောဆိုနိုင်ကာ လိင်ဆက်ဆံမှုမှာ ကျေနပ်မှုရတာတွေကို ပြနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း နည်းပညာကျွမ်းကျင်သူတွေက နည်းပညာတိုးတက်လာမှုဟာ စက်ရုပ်တွေက လူသားတွေကို တိုက်ခိုက်တဲ့အထိ ဖြစ်သွားနိုင်အောင် ဟက်ကာတွေက လိင်ဆက်ဆံဖော် အရုပ်တွေကို ထိန်းချုပ်စေခိုင်းနိုင်မယ်လို့ သတိပေးထားပါတယ်။ “ဟက်ကာတွေက စက်ရုပ်တွေ ဒါမှမဟုတ် စက်ရုပ်အတွင်းပိုင်း ကိရိယာတွေရဲ့ အချက်အလက်တွေကို ခိုးယူနိုင်မှာဖြစ်ပြီး စက်ရုပ်ရဲ့ ဆက်သွယ်မှုအားလုံး၊ လက်တွေ၊ ခြေထောက်တွေ၊ ဓားနဲ့ လက်နက်ကိရိယာတွေကို ကိုင်နိုင်အောင် ထိန်းချုပ်နိုင်မှာပါ။” ဒီစက်ရုပ်တွေက ပေါင် ၂၀၀ ထိ အလေးချိန်ရှိတဲ့ အရာဝတ္ထုတွေကို သယ်မနိုင်ပြီး တကယ်လို့များ စက်ရုပ်က ဟက်ခံရချိန် (အချက်အလက်တွေ ခိုးယူခံရချိန်) မှာတော့ ဟက်ကာတွေအနေနဲ့ စက်ရုပ်ကို ထိန်းချုပ်ထားနိုင်မှာဖြစ်ကာ ညွှန်ကြားချက်တွေ ပေးနိုင်မယ်လို့ ဆိုက်ဘာလုံခြုံရေးကျွမ်းကျင်သူ ဒေါက်တာ နစ်က်ပက်တာဆန်က ပြောပါတယ်။ “စက်ရုပ်တွေကို ကျနော်တို့တွေရဲ့ ဖုန်းတွေ၊ တက်ဘလက်တွေ၊ လက်ပ်တော့ ကွန်ပျူတာတွေလိုမျိုး ထိန်းချုပ်လုပ်ဆောင်ဖို့ ထိန်းချုပ်တဲ့စနစ်တခု ရှိဖို့လိုတယ်။” သြစတြေးလျနိုင်ငံ Deakin တက္ကသိုလ်က ပညာရှင်တဦးကတော့ “သိကြတဲ့အတိုင်းပဲ ဒီနေ့ခေတ်မှာ အင်တာနက်နဲ့ အရာရာကို ဆက်သွယ်ရတာက လူသိများနေပြီး လူတွေ တော်တော်များများ လုပ်ဆောင်နေကြပြီ” လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up