နျူကလီးယားစမ်းသပ်မှု အောင်မြင်၍ ပညာရှင်များကို ကင်ဂျုံအန်း ဂုဏ်ပြု (ရုပ်သံ)

by dvburma ပြီးခဲ့တဲ့ သီတင်းပါတ်က မြောက်ကိုရီးယားရဲ့ ခြောက်ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှု အောင်မြင်ခဲ့တဲ့အတွက် နျူကလီးယား ပညာရှင်တွေကိုခေါင်းဆောင် ကင်ဂျုံအန်းက ဂုဏ်ပြုပွဲ အကြီးအကျယ်လုပ်ပေးခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရပိုင် TV က စက်တင်ဘာ ၁၀ ရက်နေ့မှာ ထုတ်လွှင့်ပြသခဲ့ပါတယ်။ ထုတ်လွှင့်ခဲ့တဲ့ သတင်းမှာ မြောက်ကိုရီးယားရဲ့ထိပ်သီး နျူကလီးယား ပညာရှင်၂ ဦးနဲ့ အတူ အားရကျေနပ်နေတဲ့ ကင်ဂျုံအန်း ပြုံးရယ်နေတာကို တွေ့ခဲ့ရပါတယ်။ အခမ်းအနားကို ကင်ဂျုံအန်းရဲ့ ဇနီး ရီဆိုဂျူလည်း တက်ရောက်ခဲ့ပါတယ်။ ဘယ်အချိန်က အဲဒီအခမ်းအနား ကျင်းပခဲ့တယ်ဆိုတာကိုတော့ KRT သတင်းမှာ မဖော်ပြခဲ့ပါဘူး။ သတင်းဗွီဒီယိုထဲမှာ နျူကလီးယားပညာရှင်တွေက နျူကလီးယားထိပ်ဖူးကို ကြည့်ရှုစစ်ဆေးနေပုံနဲ့ ပေါက်ကွဲမှုကို ရိုက်ကူးထားတဲ့ ပုံတွေပါတယ်လို့ သိရပါတယ်။ ပေါက်ကွဲမှုတွေဟာ နျူကလီးယား စမ်းသပ်မှုကြောင့်လို့ ယူဆရပေမယ့် အမှန်တကယ် ဟုတ်၊ မဟုတ်ဆိုတာက သက်သေမရှိဘူးလို့ ရိုက်တာသတင်းက ပြောပါတယ်။ မြောက်ကိုရီးယားတည်ထောင်မှု ၆၉ နှစ်မြောက်မွေးနေ့ပွဲမှာ နောက်ထပ် တာဝေးပစ်ဒုံးကျည်တွေ ထပ်မံစမ်းသပ်မှာကို တောင်ကိုရီးယားက ကြိုတင်မှန်းဆကာ ပြင်ဆင်ထားခဲ့ပါတယ်။ သို့သော်လည်း အားလပ်ရက်ပျော်ပွဲတွေ ဆင်နွှဲခဲ့တဲ့ မြောက်ကိုရီးယားမှာ နောက်ထပ် လက်နက်စမ်းသပ် ရန်စတဲ့ အရိပ်အယောင်တွေတော့ မတွေ့ရသေးဘူးလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up