Home
မြန်မာသတင်း
နယ်မြေတည်ငြိမ်လာလို့ တိမ်းရှောင်ထွက်ပြေးလာသူများကို နေရပ်ပြန်ပို့
DVB
·
September 10, 2017
21462322_1450347458419448_501561130253103187_n
21433006_1450347455086115_5749059855452878405_n
21430386_1450347445086116_8350256456887516939_n
  အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာလာတဲ့ ဒေသခံ တိုင်းရင်းသား ပြည်သူတွေ နယ်မြေတည်ငြိမ် အေးချမ်းလာတဲ့အတွက် မူလနေရပ်တွေကို ပြန်လည် ပြောင်းရွှေ့ပေးနေတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထား ပါတယ်။ ရခိုင်ပြည်နယ်အတွင်း ARSA အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာလာတဲ့ ဒေသခံတိုင်းရင်းသား ပြည်သူတွေထဲမှာ ဘူးသီးတောင် နယ်မြေခံတပ်ရင်းမှာ ပြောင်းရွေ့နေထိုင်တဲ့သူတွေကို မူလ နေရပ်ကို ပြောင်းရွှေ့ပေးခဲ့တယ်လို့ ဆိုပါတယ်။ သရဖီကျေးရွာက ဒေသခံတိုင်းရင်းသား ပြည်သူ ၂၀၀ ကျော်ကို  လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လုံခြုံရေး လိုက်ပါပြီး နေရပ်တွေကို ပြောင်းရွှေ့ပေးခဲ့တာ ဖြစ်ပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024