Live
Home
မြန်မာသတင်း
ဟင်္သာတမြို့နယ်အတွင်း ရဲကားများဖြင့် လှည့်လည်ပြီး လုံခြုံရေးတင်းကျပ်
DVB
·
September 10, 2017
အကြမ်းဖက်သမားတွေ မ၀င်လာရေးအတွက် ဧရာဝတီတိုင်း ဟင်္သာတမြို့နယ် မြို့ဝင်ကြေးဂိတ်တွေမှာ ညစဉ်ညတိုင်း ကားတွေဆိုင်ကယ်တွေကို စစ်ဆေးတာတွေ ပြုလုပ်နေပြီး နေ့ဘက်တွေမှာလည်း ဟင်္သာတမြို့နယ်တွင်း ရဲကားတွေနဲ့ လှည့်လည်ပြီး လုံခြုံရေးတပ်ကျပ်ထားတယ်လို့ သိရပါတယ်။ ဟင်္သာတမြို့နယ် အမှတ် ၁ ရဲစခန်းမှ ရဲအုပ်ကိုနေမျိုးလင်းက “အခုလို ညဘက်တွေမှာ ဂိတ်တွေကနေတားဆီးပြီး စစ်ဆေးရတာဟာ ရခိုင်အရေးအခင်းနဲ့ပတ်သက်ပြီး အကြမ်းဖက်သမားတွေ နေရာစုံကို ထွက်ပြေးနေကြတဲ့အတွက် ကျနော်တို့ မြို့နယ်ထဲကို ဝင်လာနိုင်တဲ့ ဂိတ်ပေါက်တွေကနေ အခုလိုတားဆီးပြီး စစ်ဆေးမှုတွေ ပြုလုပ်ရတာရယ်၊ တရားမဝင်လက်နက်တွေ သယ်ဆောင်လာတာ၊ မူးယစ်ဆေးသယ်ဆောင်လာတာတို့ကိုပါ တပါတည်း အခုလိုစစ်ဆေးမှုတွေ ပြုလုပ်ရတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။ ဟင်္သာတမြို့ အေးမြသာယာရပ်ကွက်မှ ကိုသန်းဇော်က “ဟင်္သာတမြို့ နယ်အတွင်းရှိ လူစည်ကားနေရာတွေနဲ့ လမ်းမတွေပေါ်မှာ ကားတွေနဲ့ ရဲအင်အား အပြည့်တင်ကာ လှည့်လည်နေတဲ့အပေါ်မှာတော့ ဒါဟာ ကျနော်တို့မြို့အတွက် အခုလို လုပ်တာဟာ တကယ်ကို ကောင်းတဲ့အလုပ်ပါ၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ မြို့ပေါ်မှာ နေနေတဲ့ သူတွေကို တချို့တောဘက်မှ အသိမိတ်ဆွေတွေကနေ လှမ်းမေးကြတာတွေ ရှိတယ်၊ နင်တို့မြို့ ပေါ်မှာ ဘာတွေဖြစ်နေကြလဲ၊ ဒီမှာတော့ မဟုတ်တာတွေကြားနေရတယ်ဆိုပြီး ဖုန်းဆက်မေးနေ တာကိုပဲ ထိုင်ဖြေနေရတယ်၊ ဒီမှာတော့ အေးဆေးပါပဲ၊ အခုဆို ညမှာ ဂိတ်တွေကနေ စစ်ဆေးတယ်၊ နေ့မှာမြို့တွင်းမှာ လှည့်လည်ပြီး ဟင်္သာတခရိုင်မှ စီစဉ်ပြီး ကားတွေနဲ့ လုံခြုံရေး အင်အားပြတာဟာ တကယ့်ကိုကောင်းတဲ့ လုပ်ရပ်ဖြစ်ပါတယ်”လို့ ပြောပါတယ်။ သတင်း - ကိုကြက် (ဟင်္သာတ)

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024