Home
မြန်မာသတင်း
ဝမ်းတွင်းတွင် ရေထိန်းဆည် ကျိုးပျက်မှုကြောင့် ဒေသခံများ စိုးရိမ်နေ
DVB
·
September 9, 2017
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် ရိုးစုံကျေးရွာအုပ်စု သပြေသာရွာအရှေ့ဘက်ရှိ လွန်တာရိုးရေထိန်းဆည် စက်တင်ဘာ ၈ ရက် ညနေ ၆ နာရီလောက်က မိုးရွာများလို့ တောင်ကျရေနဲ့ အနီးပတ်ဝန်းကျင်ရွာကရေတွေ အဝင်များတာကြောင့် မြေသားတမံကျိုးလို့ ဆည်အတွင်း ရေမရှိရင် စိုက်ပျိုးရေး အခက်အခဲဖြစ်မှာ ဒေသခံတွေစိုးရိမ်နေပါ တယ်။ ရိုးစုံအုပ်စုအုပ်ချုပ်ရေးမှူးဦးလှမြင့်က “လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဒီဆည်ဆောက်ပြီးတယ်၊ ဒီဆည်မဆောက်ခင်က ကန်ကြီးပေါ့၊ စိုက်ပျိုးရေ မလောက်မငှသောက်ရတယ်၊ ဆည်ပြီးတော့ အများကြီး အကျိုးရှိတယ်၊ အခုကျိုးတော့ ရွာက တောင်သူတွေအတွက် ခက်တာပေါ့” လို့ ပြောပါတယ်။ ဆည်မြောင်းဒုဦးစီးမှူး ဦးမြတ်စိုးနိုင်က “မြေသားတမံ မိုးရေအဝင်ကြမ်းလို့ ပေ ၅၀ လောက်ပျက်သွားတယ်။ ဆည်ထဲရေထိန်းဖို့ ခက်သွားတယ် ဌာနကိုတင်ပြပြီး ငွေကျမှလုပ်ရင် ကြာတတ်တယ် မြေသားတမံ အတိုင်းပြန်ပြင်ရင် ကျပ်သိန်း ၃၀ လောက်ပဲကုန်မယ် ကွန်ကရစ်တွေနဲ့ ဆို သိန်း၅၀ လောက်ကုန်မယ် မြန်ချင်ရင် ဒေသရံပုံငွေနဲ့ အလှူရှင်တွေနဲ့ လုပ်သင့်တယ်" လို့ ပြောပါတယ်။ ဒေသခံတောင်သူကိုစိုးဦးက"အခုမိုးရွာနေ တော့ စိုက်ပျိုးရေ မပူရဘူး၊ မိုးမရွာတော့ရင် အသီးဝင်ချိန် ပေးရမယ့်ရေက ဒီဆည်ကိုအားကိုး နေရတာပေါ့။ အခုကျိုးသွားတော့ အခက်အခဲဖြစ်ပြီပေါ့” လို့ ပြောပါတယ်။ ဝမ်းတွင်းမြို့နယ်တွင်း သပြောသာရွာ လွန်တာရိုးရေထိန်းဆည်ကို ၂၀၁၅ နှစ်ဆန်း ပိုင်းလောက်က ဖွံ့ဖြိုးရေးရံပုံငွေနဲ့ ရွာကလုပ်အားစိုက်ထုတ် တည်ဆောက်ပါတယ်၊ လယ်ဧက ၄၀၀ ကျော် ရေသုံးနိုင်ပါတယ်၊ အရှည် ၁ မိုင်ခွဲ အနံပေ ၁၈၀ လောက်ရှိပါတယ်၊ တမံအမြင့် ၈ ပေ လောက်ရှိပါတယ်၊ ရေဝင်ကြမ်းလို့ ရေပိုလွှဲဘေးက ပေ ၅၀ လောက် မြေသားတမံကျိုးသွားပါ တယ်၊ မိုးသီးနှံ ဆောင်းသီးနှံအတွက် စိုက်ပျိုးရေ အခက်အခဲ ရှိနိုင်တာကြောင့် ဒေသခံတွေက အမြန်ပြန်ပြင်စေချင်နေပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024