မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသားအသင်း နည်းပြ ရာထူးမှ နုတ်ထွက်

မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသားအသင်း နည်းပြ အီရန်နိုင်ငံသား ရီဇာ ခေါ်ဒီဟာ ဆီးဂိမ်းစ်ပြိုင်ပွဲအပြီးမှာ မိခင်နိုင်ငံကို ခွင့်ပြန်သွားခဲ့ပြီးနောက် ရာထူးကနေ နုတ်ထွက်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကို ဆက်သွယ် အကြောင်းကြားခဲ့ပါတယ်။ နည်းပြဟာ MFF နှင့် ၂၀၁၇ ခုနှစ် ဧပြီလမှ ၂၀၁၈ ခုနှစ် ဧပြီလအထိ တစ်နှစ် စာချုပ် ချုပ်ဆိုထားသူ ဖြစ်ပါတယ်။ ရီဇာခေါ်ဒီက လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ အကြောင်းပြပြီး ရာထူးကနေ နုတ်ထွက်သွားတာလို့ မြန်မာဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။ ရီဇာခေါ်ဒီဟာ ပြီးခဲ့တဲ့ ၂၀၁၇ ဆီးဂိမ်းစ်ပြိုင်ပွဲဝင် မြန်မာအမျိုးသား ဖူဆယ်အသင်းနည်းပြအဖြစ် တာဝန်ယူခဲ့ရာ အောင်မြင်မှု မရရှိခဲ့ဘဲ ပြိုင်ပွဲဝင်အသင်း ၅ သင်းမှာ နောက်ဆုံး အသင်းအဖြစ် ရလဒ်တွေ ဆိုးဝါးခဲ့ပါတယ်။ စာချုပ်သဘောတူညီချက်အရ ရီဇာခေါ်ဒီ အနေနဲ့ မြန်မာဘောလုံးအဖွဲ့ချုပ်ကို လစာ တလစာ ပြန်လည်လျော်ကြေးပေးဆောင်ရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up