DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်တပ်မတော်စခန်း အစိုးရတပ် တိုက်ခိုက်သိမ်းပိုက်
DVB
·
March 20, 2012
ရှမ်းပြည်တပ်မတော်စခန်း အစိုးရတပ် တိုက်ခိုက်သိမ်းပိုက်
1 / 4
Donate to DVB

မကြာသေးခင်ကမှ အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည် တပ်မတော်တောင်ပိုင်း အဖွဲ့နဲ့ အစိုးရတပ်တွေ အကြား တိုက်ပွဲတွေ ထပ် ဖြစ်နေပြီး ရှမ်းပြည်တပ်မတော် တပ်စခန်း တခုကို အစိုးရတပ်ဘက်က သိမ်းပိုက် လိုက်တယ်လို့ ရှမ်းပြည်တပ်မတော် စစ်ဘက်ဆိုင်ရာ အရာရှိ တဦးက ပြောကြားလိုက် ပါတယ်။

[caption id="attachment_22809" align="alignleft" width="300" caption="ဒုတိယ ဗိုလ်မှူးကြီး စ၀်ကွမ်းစင့်(Photo - Shan Herald Agency for News)"][/caption]

ရှမ်းပြည် အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် မိုင်းလိုင် တိုက်နယ်ထဲမှာ ရှိတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည် တပ်မတော်ရဲ့ တပ်စခန်း တခု ကို အစိုးရ တပ်ရင်း တခုက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မနက်က ၀င်တိုက်ပြီး သိမ်းပိုက်ခဲ့တာပါ။

ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး ရှမ်းပြည် တပ်မတော် ကျိုင်းတုံစစ်ဒေသမှူး  ဒု - ဗိုလ်မှူးကြီး စ၀်ကွမ်းစင့်က “မတ် ၁၈ ရက်နေ့ မနက် ၇ နာရီကျော်လောက်မှာ အစိုးရတပ် ခမရ ၅၇၃ က အုပ်စု ၃ဖွဲ့ ခွဲပြီး လွယ်လန်း ဖာ့ဟင်ချို ဒေသမှာ ရှိတဲ့ ကျနော်တို့ စခန်းကို ၀င်တိုက်တယ်။ မိနစ် ၄၀ လောက် တိုက်ပွဲဖြစ်ပြီး အင်အား မမျှတော့ ကျနော်တို့ ဆုတ်ခွာတာနဲ့ သူတို့ ၀င်သိမ်း လိုက်တာ ဖြစ်တယ်။” လို့ပြောပါတယ်။

ပြီးခဲ့တဲ့အပတ် မတ် ၁၁ ရက်နေ့ မနက်ကလည်း အစိုးရတပ် ခမရ ၅၇၃ ဟာ ကျိုင်းတုံခရိုင် မိုင်း ယောင်းမြို့နယ်ထဲမှာ လှုပ်ရှားနေတဲ့ ရှမ်းပြည်တပ်မတော်  တပ်ရင်း ၁၀၈ အဖွဲ့ တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

ဒု - ဗိုလ်မှူးကြီး စ၀်ကွမ်းစင့်ကတော့ အစိုးရတပ်ရင်းဘက်က ရှမ်းပြည်တပ်မတော်ကို ထိုင်း နယ်စပ်ဘက် ဆုတ်ခွာဖို့နဲ့ နယ်မြေကျဉ်းလာအောင် ဖိအားပေးရင်း ထိုးစစ် ဆင်နေတာ   ဖြစ်တဲ့ အကြောင်းနဲ့ ရှမ်းပြည်တပ်မတော် ဘက်ကတော့  ခုခံစစ်နဲ့  ပြန်တိုက်နေရတာ လို့ ပြောပါတယ်။

၂၀၁၂  ဖေဖော်ဝါရီနဲ့ မတ်လ ထဲမှာ ကျိုင်းတုံနဲ့ တာချီလိတ် ခရိုင်ထဲမှာ ရှိတဲ့ ရှမ်းပြည်တပ်မတော်ရဲ့ တပ်စခန်း ၅ ခုလောက် ဆုတ်ပေးခဲ့ရတယ် လို့ သိရပါတယ်။

အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးထားပြီး တိုက်ပွဲတွေ ဖြစ်နေတဲ့ ကိစ္စ  ရှမ်းပြည်တပ်မတော် ဘက်က  ဖြေရှင်းပေးဖို့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင် ဦးအောင်မင်းဆီ စာရေးပို့ခဲပြီး အဲဒီ့ စာအရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် နဲ့ ရှမ်းပြည် တပ်မတော် တောင်ပိုင်းဘက်က ကိုယ်စားလှယ်တွေဟာ ဖေဖော်ဝါရီ ၂၇ ရက် နေ့တုန်းက ထိုင်းနယ်စပ် တနေရာမှာ တွေ့ဆုံ ဆွေးနွေးခဲ့ ပါသေးတယ်။

ဒီဆွေးနွေးပွဲမှာ  အစိုးရ ကိုယ်စားလှယ်ဘက်က တိုက်ပွဲ မဖြစ်ပွားရေး တာဝန်ယူပေးမယ် လို့ ပြောသွားပေမယ့်လည်း တိုက်ပွဲတွေ  နောက်ထပ် ဖြစ်ပွားနေဆဲပဲ လို့  ရှမ်းပြည်တပ်မတော်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013