ဒီဗွီဘီ ၂၅ နှစ်ပြည့် ဒါရိုက်တာ ဦးအေးချမ်းနိုင်၏ နှုတ်ခွန်းဆက်စကား (ရုပ်သံ)
DVB
·
September 9, 2017
ဒီဗွီဘီ ပြည်သူ့ဝန်ဆောင် အသံလွှင့်လုပ်ငန်း ၂၅ နှစ်ပြည့် ငွေရတု အခမ်းအနားကို ရန်ကုန်မြို့ ပတ်ခ်ရွိုင်ရယ်ဟိုတယ်မှာ ဒီနေ့မနက်ပိုင်းက ကျင်းပပြုလုပ်နေပါတယ်။
အခမ်းအနားမှာ ဒီဗွီဘီကို စတင်တည်ထောင်သူထဲက တဦးလည်းဖြစ်၊ လက်ရှိ ဒီဗွီဘီရဲ့ ဒါရိုက်တာလည်းဖြစ်သူ ဦးအေးချမ်းနိုင်က အခမ်းအနားတက်ရောက်လာသူတွေကို ငွေရတုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါတယ်။
အခမ်းအနားကို နော်ဝေးနိုင်ငံ သံအမတ်ကြီး၊ အစိုးရ တာဝန်ရှိသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ မီဒီယာသမားတွေ တက်ရောက်ခဲ့ကြပါတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) ကို လွန်ခဲ့တဲ့ ၁၉၉၂ ဇူလိုင် လ ၁၉ ရက်နေ့က နော်ဝေးနိုင်ငံ အော်စလိုမြို့ကနေ စတင်ပြီး ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။
ရုပ်သံအပြည့်စုံ ကြည့်ရှုရန်