ကယားနှစ်ပါတီပူးပေါင်း၍ ပါတီသစ်ဖွဲ့ခွင့်ရ
DVB
·
September 9, 2017
လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ (ကယားပြည်နယ်) နဲ့ ကယားလူမျိုးစု ဒီမိုကရေစီပါတီနှစ်ခု ပူးပေါင်းပြီး ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (Kayah State Democratic Party) လို့ ပါတီသစ်အဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ပါတယ်။
ဒါကြောင့် လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ (ကယားပြည်နယ်)နဲ့ ကယားလူမျိုးစု ဒီမိုကရေစီပါတီတွေကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာ ၈ ရက်နေ့မှာ ဖျက်သိမ်းလိုက်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာပါတယ်။
ဒါကြောင့် ကယားလူမျိုးကို အခြေခံတဲ့ နိုင်ငံရေးပါတီ တစ်ခုပဲ ရှိတော့မှာပါ။
မနေ့ကပဲ ပြည်သူ့အလုပ်သမားပါတီကို မှတ်ပုံတင်ခွင့် ပြုလိုက်တဲ့အတွက် လက်ရှိမှာတော့ နိုင်ငံရေးပါတီပေါင်း ၉၄ ခုရှိနေပါတယ်။