Home
အနုပညာ
တကယ်လုပ်နိုင်သူများကိုသာ ရုပ်ရှင်အစည်းအရုံး အမှုဆောင်သစ် ရွေးချယ်စေလို
သူသူအောင်
·
September 8, 2017
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ အလုပ်မှုဆောင်သစ် ရွေးချယ်ပွဲကို လာမယ့် စက်တင်ဘာလကုန်ပိုင်းမှာ ကျင်းပသွားဖို့ ရှိနေပါတယ်။ ၃ နှစ် ၁ ကြိမ် ကျင်းပလေ့ရှိတဲ့ အလုပ်မှုဆောင်သစ်ရွေးချယ်ပွဲကို ဦးစီးမယ့်ရွေးကောက်ပွဲ ကော်မရှင်ကိုလည်း ဖွဲ့စည်းထားပြီး ကော်မရှင်မှာအလွှာ ၁၀ လွှာမှ ၁ လွှာကို ၄ ဦးနှုန်းနဲ့  စုစုပေါင်း အဖွဲ့ဝင် အယောက်   ၅၀ လောက် ပါဝင်ဖွဲ့စည်းထားပါတယ်။ ရုပ်ရှင်အစည်းအရုံးမှာ အဓိကသရုပ်ဆောင် အခြေခံအလွှာ၊ ဒါရိုက်တာအလွှာ၊ ဇာတ်လမ်း၊ ဇာတ်ညွှန်း အခြေခံအလွှာ၊ တည်းဖြတ်မှတ်တမ်းအလွှာ၊ အုပ်ချုပ်၊ ဖြန့်ချိ၊ ပြသအခြေခံအလွှာ ရုပ်ရှင်ပြဇာတ်နှင့် တေးဂီတအလွှာ၊ ထုတ်လုပ်သူအခြေခံအလွှာ၊ စက်မှုလက်မှုအခြေခံအလွှာ စတဲ့ အလွှာ ၁၀ လွှာရှိပြီး စုစုပေါင်း လူဦးရေ ၅၀၀၀ ကျော်က မဲပေးရွေးချယ်ရမှာပါ။ အခုလို အလုပ်မှုဆောင်သစ် ရွေးချယ်ပွဲမှာ တကယ် အလုပ်လုပ်နိုင်သူတွေပဲ ပါဝင်အရွေးချယ်ခံသင့်တယ်လို့ သရုပ်ဆောင်တချို့က ပြောပါတယ်။ တချို့ သရုပ်ဆောင်တွေကတော့ အရွေးမခံရရင်လည်း အလုပ်အမှုဆောင်အဖွဲ့ကို ဝန်းရံပေးသွားမယ်လို့ ပြောပါတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ ဥက္ကဋ္ဌတာဝန်ယူ ဆောင်ရွက်နေတဲ့ မင်းသား လူမင်းကတော့ ပြန်လည်အရွေးချယ်ခံမှာ မဟုတ်ဘဲ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့မှာ အဖွဲ့ဝင်အနေနဲ့ ပါဝင်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024