မက္ကဆီကို ကမ်းရိုးတန်းတွင် ရစ်ခ်ျတာစကေး ၈ ဒသမ ၁ ရှိ အင်အားပြင်းငလျင်လှုပ်ခတ်

ဓာတ်ပုံ - REX FEATURES
မက္ကဆီကိုနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းမှာ ပြင်းအား ရစ်ခ်ျတာစကေး ၈ ဒသမ ၁ ရှိ အင်အားပြင်း မြေငလျင်တခု ဒီကနေ့မနက်က လှုပ်ခတ်သွားတယ်လို့ အမေရိကန်ဘူမိလေ့လာရေးဌာနက ထုတ်ပြန်ပါတယ်။ ငလျင်ဗဟိုချက်ဟာ ပီဂျီဂီအန်ပန်မြို့ကနေ အနောက်တောင်ဘက် ၅၄ မိုင်လောက်အကွာကို ဗဟိုပြု လှုပ်ခတ်သွားတာဖြစ်ပြီး အနက် ကီလိုမီတာ ၇၀ လောက်ရှိတယ်လို့ ဆိုပါတယ်။ စက်တင်ဘာ ၈ ရက် မြန်မာစံတော်ချိန် ၁၁ နာရီ၊ ၁၉ မိနစ်၊ ၂၁ စက္ကန့်အချိန်မှာ ကမ္ဘာအေးမြေငလျင်စခန်းမှ အရှေ့ဘက် ၁၀၁၀၀ မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြင်ပ မက္ကဆီကိုနိုင်ငံ ချိရာပတ်စ်ကမ်းရိုးတန်းအနီးကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၈ ဒသမ ၀ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ မြန်မာ မိုးဇလဌာနကလည်း ထုတ်ပြန်ထားပါတယ်။ ငလျင်ကို မြို့တော် မက္ကဆီကိုစီးတီးမှာလည်း ခံစားခဲ့ရပြီး မြို့ခံတွေ ထိတ်လန့်တကြား လမ်းမတွေပေါ် ပြေးထွက်ခဲ့ရပါတယ်။ ငလျင်လှုပ်ခတ်ပြီးနောက် မက္ကဆီကို၊ ဂွာတီမာလာ၊ အယ်လ်ဆာဗေးဒိုး၊ ကော့စတာရီကာ၊  နိုင်ဂါရာကွာ၊ ပနားမားနဲ့ ဟွန်ဒူးရပ်စ်နိုင်ငံတွေမှာ ဆူနာမိ ငလျင်ရေလှိုင်း သတိပေးချက်တွေ ထုတ်ပြန်ထားရပါတယ်။ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေကို မသိရသေးပေမယ့် ငလျင်ဒဏ်ကြောင့် အဆောက်အဦတချို့ပြိုကျပျက်စီးသွားပြီး မက္ကဆီကိုနဲ့ ဂွာတီမာလာမှာ အနည်းဆုံး လူ ၅ ဦး သေဆုံးတယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up