နည်းပြမော်ရင်ဟိုသည် ကစားသမားများကို မိသားစုဝင်ကဲ့သို့ ဆက်ဆံတတ်ဟု လူကာကူ ပြော

နည်းပြမော်ရင်ဟိုဟာ ကစားသမားတွေကို မိသားစုဝင်တွေလို ဆက်ဆံတတ်သူ ဖြစ်တယ်လို့ မန်ယူတိုက်စစ်မှူး လူကာကူက ပြောကြားလိုက်ပါတယ်။ နည်းပြမော်ရင်ဟိုဟာ ကွင်းပြင်ပမှာ ဘယ်လိုကိစ္စမဆို ဆွေးနွေးတိုင်ပင်လို့ရပေမယ့် လေ့ကျင့်ရေးကွင်းတွေနဲ့ ကစားပွဲတွေမှာ ကစားသမားတွေရဲ့ အကောင်းဆုံးပုံစံကို အမြဲလိုချင်တဲ့အတွက် အနားယူချိန်တောင်မပေးဘဲ ကြိုးစားကစားစေတယ်လို့ လူကာကူက ဆိုပါတယ်။ မိမိအသက် ၁၁ နှစ်လောက်ကတည်းက မော်ရင်ဟိုရဲ့ လက်အောက်မှာ ကစားချင်ခဲ့ပြီး အခုလို ဒုတိယအကြိမ်မြောက် မော်ရင်ဟိုရဲ့အောက်မှာ ကစားခွင့်ရတဲ့အတွက် ကျေနပ်မိတယ်လို့လည်း လူကာကူက ဆိုပါတယ်။ အသက် ၂၄ နှစ်ရှိ လူကာကူဟာ ချဲလ်ဆီးအသင်းမှာရှိစဉ်က နည်းပြ မော်ရင်ဟိုအပေါ်မှာ ဝေဖန်မှုတွေ ပြုလုပ်ခဲ့ဖူးတာပါ။ မန်ယူတိုက်စစ်မှူး လူကာကူဟာ လက်ရှိအချိန်မှာတော့ မော်ရင်ဟိုနဲ့ အဆင်ပြေနေပြီး မန်ယူအသင်းရဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် ၃ ပွဲမှာ ၃ ဂိုးသွင်းပြီး ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up