DVB Logo
Home
ရင်ဖွင့်စာ/ပေးစာ
ကျေးရွာပေါင်း ၅၀ နီးပါး အားထားနေရတဲ့ စလေတိုက်နယ် ဆေးရုံမှာ ဆရာဝန်မရှိတာ ၃ လကျော်နေပြီး ဒေသခံတွေ အခက်တွေ့နေရ
DVB
·
March 20, 2012
ကျေးရွာပေါင်း ၅၀ နီးပါး အားထားနေရတဲ့ စလေတိုက်နယ် ဆေးရုံမှာ ဆရာဝန်မရှိတာ ၃ လကျော်နေပြီး ဒေသခံတွေ အခက်တွေ့နေရ
1 / 2
Donate to DVB

စလေတိုက်နယ်တွင် ကျန်းမာရေးအတွက် အားကိုးအားထားပြုနေရတဲ့ ကျေးရွာပေါင်း ၅၀နီးပါး ရှိပါသည်။ ၂၀၀၉-၂၀၁၀ကြား ဒေါက်တာ ခိုင်ဇင်ဝင်း ပြောင်းသွားပြီးနောက် ၁၀လခွဲကြာမှ ဒေါက်တာ မျိုးလွင် ရောက်ရှိလာပါသည်။ ဒေါက်တာမျိုးလွင် တာဝန် ထမ်းဆောင် သည့် ကာလ တနှစ် မပြည့်မီ အချိန်တွင် ခွဲစိတ်ပါရဂူ စာမေးပွဲဖြေဆိုရာ တွင် အောင်မြင်ပြီး ကျောင်းဆက်တက်ရန် အတွက် ဒီဇင်ဘာလ ၁၄ရက် ၂၀၁၁ခုနှစ်တွင် စလေဆေးရုံမှ ပြောင်းရွှေ့သွားပါသည်။

ဒေါက်တာမျိုးလွင်သည် ကျန်းမာရေးစောင့်ေ ရှာက် ကုသရာ တွင် အရည်အချင်းပြည့်ဝ၍ အလွန်ကောင်းမွန်သော ဆရာဝန် ဖြစ်ပါသည်။ စလေ ဆေးရုံမှာ ဆရာဝန်ကောင်း တယောက် ရောက်လာ လျှင် အလွန်ဆုံး တနှစ်သာ တာဝန် ထမ်းဆောင်ပြီး ပြောင်းသွားကြတာ စလေ တိုက်နယ် အတွက် အစဉ်အလာ တခုလို ဖြစ်နေ ပါသည်။

ဒေါက်တာမျိုးလွင် ပြောင်းရွှေ့သွားသည့် အချိန်မှစ၍ ယခုအချိန်ထိ စလေတိုက်နယ် ဆေးရုံတွင် တာဝန်ထမ်းဆောင်မည့် ဆရာဝန်လုံးဝ မရှိသေးပါ။

အထက်ပါ တင်ပြပြီး အကြောင်းအရာများအတွက် စလေနှင့် ကျေးရွာအားလုံး မှာ ကျန်းမာရေး အစောင့်အရှောက် အရေးတကြီး လိုအပ်နေပါ သဖြင့် (ကုသမှု ကျွမ်းကျင်သော ဆရာဝန်) ပို့ဆောင်ပေးပါရန် သမ္မတကြီးကို ဒီဗွီဘီမှ တဆင့် တောင်းခံ အပ်ပါသည်။

စလေအကျိုးတော်ဆောင်အဖွဲ့
မကွေးတိုင်း ဒေသကြီး၊ ချောက်မြို့နယ်၊ စလေတိုက်နယ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013