ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
September 7, 2017
မတ်ပဲ
ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ မတ်ပဲက ၁ တန်ကို ငွေကျပ် ၅၆,၁၀၀၀ ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၁၇,၅၀၀ ဈေးကျဆင်းသွားပါတယ်။
ပဲစင်းငုံ
ပဲစင်းငုံကတော့ ဒီနေ့မှာ ၁ တန်ကို ငွေကျပ် ၄၃၂,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၁၀,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီကတော့ ဒီနေ့မှာ ၁ ပိဿာကို ၁၅၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၁,၅၅၀ ကျပ်ကနေ ငွေကျပ် ၂၁,၀၀၀ ပေါက်ဈေးရှိနေပါတယ်။
အာလူး
အာလူးကတော့ ဒီနေ့မှာ ၁ ပိဿာကို ၁၀၀ ကျပ်ကနေ ငွေကျပ် ၇၀၀ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၃၀ ကျပ် ဈေးတက်လာပါတယ်။
ပဲပုတ်(ဗမာ)
မန္တလေး ကုန်စည်ဒိုင်မှာတော့ ပဲပုတ်(ဗမာ)က ၁ အိတ်ကို ငွေကျပ် ၉၅,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၂,၀၀၀ ကျပ် တက်လာပါတယ်။
နှမ်းနက်(စမုံ)
နှမ်းနက်(စမုံ)ကတော့ ဒီနေ့မှာ ၁ အိတ်ကို ၂,၀၀၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ အိတ်ကို ငွေကျပ် ၁၁၀,၀၀၀ ကနေ ငွေကျပ် ၁၂၈,၀၀၀ ပေါက်ဈေးရှိပါတယ်။
စီပီပြောင်း
လားရှိုး ကုန်စည်ဒိုင်မှာတော့ စီပီပြောင်းက ၁ ပိဿာကို ၂၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေး ၁ ပိဿာကို ၅၂၀ ကျပ်ကနေ ငွေကျပ် ၅၉၀ ပေါက်ဈေးရှိပါတယ်။
ကုလားပဲ v2
ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ ကုလားပဲ v2 က ၁ တင်းကို ၁၀၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ပေါက်ဈေးက ၁ တင်းကို ငွေကျပ် ၄၃,၃၀၀ ပေါက်ဈေးရှိပါတယ်။
အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း - AMIA