မြောက်ကိုရီးယားကို အရေးယူမှုများ ထပ်မံပြုလုပ်ရန် သြစတြေးလျနျှင့် အမေရိကန် ဆွေးနွေး

မြောက်ကိုရီးယားအရေးနဲ့ ပတ်သက်ပြီး သြစတြေးလျဟာ အမေရိကန်နဲ့ တစိတ်တ၀မ်းတည်းရှိတယ်လို့  သြစတြေးလျ ဝန်ကြီးချုပ်က စက်တင်ဘာ ၆ မှာ ပြောကြားသွားပါတယ်။ သြစတြေးလျဝန်ကြီးချုပ် မယ်လ်ကွန်တန်ဘူးလ်ဟာ  အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ဟာ စက်တင်ဘာ ၆ ရက်အစောပိုင်းက တယ်လီဖုန်းနဲ့ စကားပြောဆိုခဲ့အပြီး အဲဒီလိုပြောကြားခဲ့တာဖြစ်ပါတယ်။ “ဒီလို အဆင်ခြင်မဲ့လုပ်ရပ်ကို ပြစ်တင်ရှုတ်ချတဲ့ကိစ္စမှာ အမေရိကန်နဲ့ ကျနော်တို့ဟာ တစိတ်တ၀မ်းတည်းပါ၊ မြောက်ကိုရီးယားအပေါ် လက်ရှိချမှတ်ထားတဲ့ အရေးယူမှုတွေကို အပြည့်အဝအကောင်အထည်ဖို့ အရေးကြီးတယ်ဆိုတဲ့ ကိစ္စ၊ နောက်ထပ်အရေးယူမှုတွေ ထပ်တိုးဖို့ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်၊ ထပ်တိုးအရေးယူဖို့ကိစ္စကို အခုလက်ရှိ ကျနော်တို့ စဉ်းစားနေပြီး၊ နောင်မှာ ချမှတ်သွားမှာဖြစ်ပါတယ်၊ နောက်ပြီး မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီး တရုတ်မှာ တာဝန်မရှိဘူးဆိုတာကို ကျနော်တို့ သိပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းက အရှေ့ဂျာမနီဟာ ဆိုဗီယက်ပြည်ထောင်စု လက်အောက်ခံနိုင်ငံဖြစ်သလိုမျိုး မြောက်ကိုရီးယားဟာ တရုတ်ရဲ့ လက်အောက်ခံမဟုတ်ပါဘူး၊ ဒါပေမယ့် တရုတ်ဟာ အခုချိန်ထိ မြောက်ကိုရီးယားကို အမြင့်ဆုံး လွှမ်းမိုးနိုင်စွမ်းရှိနေဆဲပါ၊ ဒီတော့ မြောက်ကိုရီးယား အသိတရားရှိလာအောင် တရုတ်အနေနဲ့ စီးပွားရေးဖိအားတွေ ပိုမိုပေးဖို့ ကျနော်တို့နှစ်နို်င်ငံစလုံးက တရုတ်ကို ဆက်လက်တိုက်တွန်းသွားမှာပါ။” လို့ သြစတြေးလျဝန်ကြီးချုပ် မယ်လ်ကွန်တန်ဘူးလ်က ပြောကြားသွားတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up