ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
September 6, 2017
မတ်ပဲ
ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ မတ်ပဲက ၁ တန်ကို ၁၇,၅၀၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ တန်ကို ငွေကျပ် ၅၇၈,၅၀၀ ပေါက်ဈေးရှိပါတယ်။
ပဲစင်းငုံ
ပဲစင်းငုံကတော့ ဒီနေ့မှာ ၁ တန်ကို ၉,၅၀၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ တန်ကို ငွေကျပ် ၄၄၂,၀၀၀ ပေါက်ဈေးရှိပါတယ်။
ပဲကြီး
ပဲကြီးကတော့ ဒီနေ့မှာ ၁ ပိဿာကို ၂,၄၅၀ ကျပ်ကနေ ငွေကျပ် ၂၉၂၅ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၉၀ ကျပ် ဈေးတက်လာပါတယ်။
ငရုတ်ပွ
ငရုတ်ပွ(စိမ်းစား)ကတော့ ဒီနေ့မှာ ၁ ပိဿာကို ၆,၈၀၀ ကျပ်ကနေ ငွေကျပ် ၆,၉၀၀ ပေါက်ေ>း ရှိနေပြီး ၁ ပိဿာကို ၁၀၀ ကျပ် ဈေးတက်လာပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီကတော့ ဒီနေ့မှာ ၁ ပိဿာကို ၁,၄၅၀ ကျပ်ကနေ ငွေကျပ် ၁,၉၅၀ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၁၀၀ ကျပ် ဈေးတက်လာပါတယ်။
ထန်းလျက်
ထန်းလျက်ကတော့ ဒီနေ့မှာ ၁ ပိဿာကို ၅၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၁,၁၀၀ ကျပ်ကနေ ငွေကျပ် ၁,၇၀၀ ပေါက်ဈေးရှိပါတယ်။
နှမ်းနက်(စမုံ)
မန္တလေး ကုန်စည်ဒိုင်မှာတော့ နှမ်းနက်(စမုံ)က ၁ အိတ်ကို ငွေကျပ် ၁၂၁,၀၀၀ ကနေ ၁၃၀,၀၀၀ ပေါက်ဈေး ရှိနေပြီး ၁ အိတ်ကို ၃,၀၀၀ ကျပ် ဈေးတက်လာပါတယ်။
နှမ်းညို
နှမ်းညိုကတော့ ဒီနေ့မှာ ၁ အိတ်ကို ၄,၀၀၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ပေါက်ဈေးက ၁ အိတ်ကို ငွေကျပ် ၈၇,၀၀၀ ပေါက်ဈေးရှိပါတယ်။
အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း - AMIA