မန္တလေးမှာကျင်းပတဲ့ ငြိမ်းချမ်းရေးဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲ (သတင်းဓာတ်ပုံ)
DVB
·
September 6, 2017
နိုင်ငံတော်ရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ထောက်ခံတဲ့အနေနဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူးပြီး ငြိမ်းချမ်းရေးဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲကို မန္တလေးမြို့ အမျိုးသားကဇာတ်ရုံမှာ ငြိမ်းချမ်းရေးလိုလားသူများက အသံစစ်ဆေးမှုတွေကို စက်တင်ဘာ ၆ ရက်နေ့ကနေ ၇ ရက်နေ့ထိ ကျင်းပနေပါတယ်။
ငြိမ်းချမ်းရေးဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲကို မန္တလေးတိုင်းဒေသကြီး ၂၈ မြို့နယ်မှ တိုင်းရင်းသား တွေနဲ့ ငြိမ်းချမ်းရေးလိုလားသူ လူဦးရေ ၅၀၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်ပြီး ငြိမ်းချမ်းရေးသံစဉ် ဖျော်ဖြေသီဆိုမှုတွေကို မန္တလေးမြို့ အမျိုးသားကဇာတ်ရုံမှာ စတင်ပြုလုပ်နေပါတယ်။
အဲဒီအခမ်းအနားကို တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းကျော်ဇော တက်ရောက်ပြီး ငြိမ်းချမ်းရေးသံစဉ်သီဆိုသူတွေကို အားပေးကြည့်ရှုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ငြိမ်းချမ်းရေး သီချင်းဆိုပြိုင်သူ ၅၀၀ ကျော်ထဲက ၁၀ ဦးသာ ရွေးချယ်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။
သတင်း၊ ဓာတ်ပုံ - အောင်အောင်