Home
သတင်းဓာတ်ပုံ
မန္တလေးမှာကျင်းပတဲ့ ငြိမ်းချမ်းရေးဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲ (သတင်းဓာတ်ပုံ)
DVB
·
September 6, 2017
21369341_1330512820409751_2798814282764778159_n
21432866_1330512863743080_2841658067203617135_n
21430100_1330513907076309_5147784866237926845_n
21369195_1330512813743085_9041003280967714550_n
21317595_1330513060409727_6779008362345218165_n
21272405_1330513413743025_1816114738943945695_n
21272373_1330513557076344_6125543963670937259_n
  နိုင်ငံတော်ရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ထောက်ခံတဲ့အနေနဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူးပြီး ငြိမ်းချမ်းရေးဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲကို မန္တလေးမြို့ အမျိုးသားကဇာတ်ရုံမှာ ငြိမ်းချမ်းရေးလိုလားသူများက အသံစစ်ဆေးမှုတွေကို စက်တင်ဘာ ၆ ရက်နေ့ကနေ ၇ ရက်နေ့ထိ ကျင်းပနေပါတယ်။ ငြိမ်းချမ်းရေးဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲကို မန္တလေးတိုင်းဒေသကြီး ၂၈ မြို့နယ်မှ တိုင်းရင်းသား တွေနဲ့ ငြိမ်းချမ်းရေးလိုလားသူ လူဦးရေ ၅၀၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်ပြီး ငြိမ်းချမ်းရေးသံစဉ် ဖျော်ဖြေသီဆိုမှုတွေကို မန္တလေးမြို့ အမျိုးသားကဇာတ်ရုံမှာ စတင်ပြုလုပ်နေပါတယ်။ အဲဒီအခမ်းအနားကို တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းကျော်ဇော တက်ရောက်ပြီး ငြိမ်းချမ်းရေးသံစဉ်သီဆိုသူတွေကို အားပေးကြည့်ရှုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ငြိမ်းချမ်းရေး သီချင်းဆိုပြိုင်သူ ၅၀၀ ကျော်ထဲက ၁၀ ဦးသာ ရွေးချယ်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။ သတင်း၊ ဓာတ်ပုံ - အောင်အောင်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024