ဟာရီကိန်းမုန်တိုင်း အာမာ အန်တီဂွာကျွန်းအရှေ့ဘက် မိုင် ၁၃၀ အကွာတွင် တည်ရှိနေ

ပျက်စီးဆုံးရှုံးမှု များနိုင်ပြီး မုန်တိုင်းအဆင့် ၅ ထိသတ်မှတ်ထားတဲ့ ဟာရီကိန်းမုန်တိုင်း အာမာဟာ စက်တင်ဘာ ၅ ရက် နေ့လယ်ပိုင်းမှာ ကာရစ်ဘီယန်ပင်လယ်ထဲက အန်တီဂွာကျွန်းရဲ့ အရှေ့ဘက် မိုင် ၁၃၀ အကွာလောက်မှာ တည်ရှိနေတယ်လို့ အမေရိကန် အမျိုးသားဟာရီကိန်းစင်တာက ထုတ်ပြန်ပါတယ်။ အာမာမုန်တိုင်းနဲ့ပတ်သက်ပြီး ပွာတိုရီကိုနိုင်ငံ အန်တီဂွာကျွန်းနဲ့ အမေရိကန် ဗာဂျင်းကျွနးေ်တွမှာ မုန်တိုင်းအန္တရာယ် သတိပေးချက် ထုတ်ပြန်ထားပါတယ်။ အခုဖြစ်ပေါ်နေတဲ့ မုန်တိုင်းရဲ့ ဗဟိုချက်လေတိုက်နှုန်းဟာ တနာရီ ၁၈၅ မိုင်ရှိပြီး နောက်ရက်အနည်းငယ်အထိ မုန်တိုင်းပြင်းအားဟာ အဆင့် ၄ နဲ့ ၅ အဖြစ် ဆက်လက်ရှိနေဖွယ်ရှိတယ်လို့ အမေရိကန် အမျိုးသားဟာရီကိန်းစင်တာက ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up