နာမည်ကြီး ဘရာဇီး အုပ်စုပထမဖြင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင် (ရုပ်သံဟိုက်လိုက်)

ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် တောင်အမေရိကဇုန်က ဘရာဇီးနဲ့ ကိုလံဘီယာအသင်းတို့ ဒီနေ့မနက် အစောပိုင်းက ယှဉ်ပြိုင်ရာ တဘက်တဂိုးစီ သရေကျသွားပါတယ်။ ဘရာဇီးအတွက် ဂိုးကို ပထမပိုင်းပြီးခါနီးမှာ နေမာရဲ့ ပေးပို့မှုကနေ ဝီလျံက အပြင်းကန်သွင်းပြီး ရယူပေးခဲ့တာပါ။ ကိုလံဘီယာအတွက် ချေပဂိုးကိုတော့ ဒုတိယပိုင်း ၅၆ မိနစ်မှာ တိုက်စစ်မှူး ဖယ်လ်ကာအိုက သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲသရေကျခဲ့တဲ့ ဘရာဇီးအသင်းဟာ ရမှတ် ၃၇ မှတ်နဲ့ အုပ်စု ပထမနေရာမှာ ဆက်လက်ရပ်တည်နေပြီး ဘိုလီးဗီးယား၊ ချီလီတို့နဲ့ ၂ ပွဲ ကစားဖို့ ကျန်နေသေးပေမယ့် ဒုတိယနေရာက ဥရုဂွေးအသင်းကို ၁၀ မှတ်အထိ ဖြတ်ထားနိုင်တာကြောင့် အုပ်စုပထမနေရာကနေပဲ ကမ္ဘာ့ဖလား ခြေစစ်ပွဲကို အောင်မြင်သွားပြီ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up