DVB Logo
Home
မြန်မာသတင်း
ကြံ့ခိုင်ရေးပါတီမဲဆွယ်မှု ဥပဒေနဲ့ မညီဟု အန်အယ်လ်ဒီ ကြေညာ
DVB
·
March 19, 2012
Gallery image 1
1 / 2
Donate to DVB

လာမယ့် ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲ အတွက် မဲဆွယ် စည်းရုံးတဲ့နေရာမှာ ပါတီကြီးတခုရဲ့  ဆောင်ချက်ဟာ ရွေးကောက်ပွဲကော်မရှင်  ဥပဒေပြဌာန်းချက်တွေနဲ့  မညီညွတ်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုရွေး ကောက်ပွဲ အောင်နိုင်ရေး အဖွဲ့က ကြေညာလိုက်ပါတယ်။

မတ်လ ၁၉ ရက် ဒီနေ့ ရက်စွဲနဲ့ သတင်း ထုတ်ပြန်ချက် တစောင် ထုတ်ပြန်ကာ ခုလို ဝေဖန် လိုက်တာ ဖြစ်ပြီး   ဒီကြေညာချက်မှာ အာဏာရ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီရဲ့ မဲဆွယ် ဆောင်ရွက်ချက် တချို့ကို ထောက်ပြ ဝေဖန်ထားပါတယ်။

ဒီ သတင်း ထုတ်ပြန်ချက်မှာ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် အတွင်းမှာ  ကြံ့ခိုင်ရေးပါတီ မဲဆွယ် စည်းရုံးရာမှာ အန်အယ်လ်ဒီ ပါတီ ဥက္ကဋ္ဌကို ပုတ်ခတ် ပြောဆိုခဲ့တဲ့ အကြောင်းနဲ့  ရွာစာသင်ကျောင်းဆောက်ဖို့ ငွေ ၃ သိန်းခွဲလှူပြီး သူ အနိုင်ရရင် နောက်ထပ်၃ သိန်းခွဲ လှူဦးမယ် ဆိုပြီး စည်းရုံးတာမျိုးဟာ  မဲဝယ်တဲ့ လုပ်ရပ် ဖြစ်လို့ ဥပဒေနဲ့ မညီတဲ့ အကြောင်း ဖော်ပြ ထားပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲ ကော်မရှင်က ကြိုတင်မဲကို မတ်လ ၃၀ နဲ့ ၃၁ရက် နေ့တွေ မှာ ပေးရမယ်လို့ ညွှန်ကြား ထားပေမယ့်  တနင်္သာရီတိုင်း၊ လောင်းလုံ မြို့နယ်မှာ  အခုကတည်းက ကြိုတင်မဲ ကောက်ယူနေတယ်လို့ အန်အယ်လ်ဒီက ဆိုပါတယ်။

အလားတူ နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာလည်း အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ဦးမင်းသူရဲ့ ဟောပြောပွဲမှာ တိုက်ခိုက်ခံရတဲ့အကြောင်း  ဒါတွေဟာ ဥပဒေနဲ့ မညီဘဲ၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေရေးကိုလဲ ထိခိုက်စေနိုင်တယ်လို့  အန်အယ်ဒီပါတီက ဆိုပါတယ်။

အဖွဲ့ချုပ် အောင်နိုင်ရေး မန်နေဂျာ ဦးဥာဏ်ဝင်းက “အဲဒါမျိုးတွေဟာ ဥပဒေနဲ့ ငြိပါတယ်။ ဒါလာဘ်ပေး လာဘ်ယူ ကိစ္စတွေပါ ။ အလားတူ ဖြစ်ရပ်မျိုးတွေ တတိုင်းပြည်လုံး အများကြီးပါ။ ကျနော်တို့ အားလုံးကို မထည့်ပါဘူး ။ အရေးကြီးတဲ့ အချက်တွေကို ရွေးပြီး သတင်းထုတ်ပြန်ချက်မှာ ထည့်ထားတာပါ။” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ကလည်း ကော့မှူးမြို့နယ်အတွင်းမှာ  သေဆုံးသူ ၄၀၀ကျော်ရဲ့ စာရင်းတွေအပါအ၀င် လူပေါင်း ၂ ထောင်ကျော်ရဲ့ မဲစာရင်းတွေ မှားယွင်းနေ မှု  တောင်တွင်းကြီးမြို့နယ်မှာ မဲစာရင်းတွေ ကူးယူခွင့် မရမှုတွေနဲ့ ပတ်သက်ပြီး အန်အယ်လ်ဒီက သတင်း ထုတ်ပြန်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013