DVB Logo
Home
မြန်မာသတင်း
ပဒိုမန်း​ငြိမ်း​မောင် လွတ်မြောက်
DVB
·
March 19, 2012
ပဒိုမန်း​ငြိမ်း​မောင် လွတ်မြောက်
Donate to DVB

ပြီးခဲ့တဲ့သီတင်းပတ်ကမှာ ထောင်ဒဏ် တသက်တကျွန်း ပြစ်ဒဏ် ကျခံထားရတဲ့  ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူခေါင်းဆောင် တဦးဖြစ်တဲ့ ပဒိုမန်းငြိမ်းမောင် ဟာ ဒီနေ့ မတ် ၁၉ ရက်နေ့ မနက်က ပြန်လည် လွတ်မြောက် လာပြီ ဖြစ်ပါတယ်။

[caption id="attachment_14974" align="alignleft" width="300" caption="ပဒို မန်းငြိမ်းမောင်"][/caption]

ပဒိုမန်းငြိမ်းမောင်ကို အစိုးရက  နိုင်ငံတော် ပုန်ကန်မှုနဲ့  တရားစွဲခံခဲ့ရပြီး အင်းစိန် ထောင်တွင်း တရားရုံး က ပြီးခဲ့တဲ့ ၁၃ ရက်နေ့က တသက်တကျွန်းပြစ်ဒဏ် ချမှတ် ခဲ့တာပါ။ ပဒိုမန်းငြိမ်းမောင်ဟာ  ဒီနေ့မှာတော့ ပုဒ်မ ၄၀၁ အရ  သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးလိုက် တာ ဖြစ်တယ်လို့  ပဒိုမန်းငြိမ်းမောင်ရဲ့   ရှေ့နေ ဦးကြီးမြင့်က ဒီဗွီဘီကို အတည်ပြု ပြောကြား ပါတယ်။

“ကျနော်က အယူခံတက်ဖို့ ကိစ္စဆွေးနွေးစရာရှိတယ်။ အမိန့် စာတွေလည်း ပါလာတယ်။ သူနဲ့ မတွေ့ လို့ မဖြစ်ဘူးပြောတော့မှ သူတို့ ကလည်း အတည်ပြု ပေးလိုက်တာ။ ဒီနေ့ မနက် ၈ နာရီမှာ ပုဒ်မ ၄၀၁ နဲ့  လွှတ်လိုက်ပါပြီတဲ့ အယူခံတက်စရာ မလိုတော့ဘူး ဆိုပြီးတော့ ပြောလို့ ကျနော်သိရတာပါ။”

ပြန်လွတ်ပြီး ပဒိုမန်းငြိမ်းမောင်ဟာ အထူးသတင်းတပ်ဖွဲ့ကို သွားရောက်ခဲ့ပြီး နောက်  ဘယ်ကို ပို့ဆောင်တယ်ဆိုတာကိုတော့ အတိအကျ မသိရပေမယ့် ထောင်အာဏာပိုင်နဲ့ နီးစပ်သူ ပြောဆိုချက်အရ မြန်မာ ထိုင်း နယ်စပ်ကို ပြန်ပို့မယ်လို့ သိရပါတယ်။
ပဒိုမန်းငြိမ်းမောင် ပြန်လွတ်မြောက်ရေးအတွက် လက်ရှိအစိုးရ နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ ကရင် အမျိုးသား အစည်းအရုံးက လည်း   တောင်းဆိုခဲ့သလို ပြီးခဲ့တဲ့လကမှ ပြီးဆုံးသွားတဲ့ ကရင်ညီလာခံမှာလည်း သူ့ လွတ်မြောက်ရေး တောင်းဆို ခဲ့ပါတယ်။

ပဒိုမန်းငြိမ်းမောင် ပြန်လွတ်လာတဲ့အပေါ် ကေအန်ယူ အထွေထွေ အတွင်းရေးမှူး  နော်စီ ဖိုးရာစိန်က “ကျမတို့ကတော့ ၀မ်းသာပြီးတော့ ကြိုဆိုတာပေါ့ ရှင်။ လွတ်ငြိမ်းချမ်းသာခွင့် ရရှိတဲ့အတွက် ကျမတို့ ကေအန်ယူအနေနဲ့ အများကြီး ၀မ်းသာ ကြိုဆိုတယ်။ ပဒိုမန်းငြိမ်းမောင် အပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံးလွတ်ဖို့ လိုအပ်နေတယ်။  အခုလို အချိန်မှာ ကေအန်ယူအနေနဲ့ ငြိမ်းချမ်းရေး  စကားပြောနေတဲ့ ကာလပေါ့။ အပစ်အခတ် ရပ်စဲရေး စကားပြောနေတဲ့ အချိန်မှာ ပဒိုမန်းငြိမ်းမောင်ကလည်း လွတ်ဖို့ လိုအပ်နေတယ်။”လို့ ပြောသွားပါတယ်။

မန်းငြိမ်းမောင်ဟာ ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်း တရုတ်ပြည် ကူမင်း လေဆိပ်ကနေ မြန်မာနိုင်ငံ ရန်ကုန်လေဆိပ်ကို ပို့ဆောင်ခံ ရပြီး လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ တရားမ၀င် စာရွက် စာတမ်း ကိုင်ဆောင်မှု၊ မတရားအသင်း ဆက်သွယ်မှုတွေနဲ့  ဖမ်းဆီး အရေးယူ ခံခဲ့ရပါတယ်။

အဲဒီနောက် ကေအန်ယူ ဗဟိုကော်မတီဝင် ဖြစ်တာကြောင့် နိုင်ငံတော် ပုန်ကန်မှု ဥပဒေ ပုဒ်မ ၁၂၂/၁ နဲ့ မတရား အသင်း ပုဒ်မ ၁၇/၁ တို့နဲပ ထပ်မံ စွဲချက်တင် တရားစွဲ ခံခဲ့ရပြီး ပြီးခဲ့တဲ့အပတ်က  ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခံခဲ့ရပါတယ်။

အသက် ၇၀ ၀န်းကျင်ခန့်ရှိတဲ့ ပဒိုမန်းငြိမ်းမောင်ဟာ ပျိုရွယ်စဉ်ကလည်း နိုင်ငံရေးလှုပ်ရှားမှု ကြောင့် ထောင်ဒဏ်တကျွန်း ကျခံဖူးပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013