DVB Logo
Home
မြန်မာသတင်း
ဦးအောင်သောင်း၏ စည်း​ရုံး​​ရေး​ခရီးအတွင်း​ ယာဉ်တိုက်မှုကြောင့် လူတဦး ပွဲချင်းပြီးဆုံး
DVB
·
March 18, 2012
Donate to DVB

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအောင်သောင်းရဲ့ စည်းရုံးရေးခရီးစဉ်မှာ ယာဉ်တိုက်မှုဖြစ်တာကြောင့် လူတယောက် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သူ့ရဲ့ ဇာတိဖြစ်တဲ့ မန္တလေးတိုင်းအတွင်းက တောင်သာတ၀ိုက်မှာ ကားတန်းတွေနဲ့ စည်းရုံးရေးဆင်းဖို့ ပြင်ဆင်နေတုန်း သောကြာနေ့တုန်းက ယာဉ်တိုက်မှု ဖြစ်သွားတာပါ။

အခင်းဖြစ်ပွားရာ အနီးဝန်းကျင်းဒေသခံတယောက်က “ဦးအောင်သောင်းက သူ့ရဲ့ စည်းရုံးရေးခရီးစဉ်အတွက် မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာတို့ ဒီနားမှာရှိတဲ့ ယာဉ်လိုင်းငယ်တွေကို ချောသဘောမျိုး ခေါ်တယ်။ အဲဒီထဲက ရွှေမြန်မာလိုင်းက ၁က၊၆၃၆၄ ခင်ဗျ။ မိုင်တိုင်အမှတ် ၁၂ လောက်မှာ နွားထိုးကြီးနဲ့ အနောက်ဘက် ရှစ်မိုင်အကွာမှာပါ။ တိုက်ခံရတဲ့သူက ဦးကံစိန်ပါ။ အသက် ၃၈ နှစ် အလုပ်အကိုင်က အထမ်းသမားပါ။ သူတို့ မိသားစုမှာ ကလေး ၂ ယောက်ရှိတယ်။ တော်တော်လေး ဆင်းရဲနွမ်းပါတယ်။”လို့ ပြောပါတယ်။

ကွယ်လွန်သွားတဲ့ ဦးကံစိန်ရဲ့ ရွာဖြစ်တဲ့ ပြရာချောင်းကျေးရွာက ရွာသားတဦးကတော့ ဒီနေ့မှာပဲ ဈာပနကိစ္စ ပြီးစီးသွားပြီလို့ ပြောပါတယ်။

“တမြန်နေ့က ဖြစ်တာဆိုတော့ မနေ့က သယ်လာပြီး ဒီနေ့ သင်္ဂြိုဟ်လိုက်ပြီ။ စခန်းတော့ခေါ်တယ်။ ရှင်းတော့ ရှင်းရမယ်လို့ ပြောတာပဲ။”

နွားထိုးကြီးမြို့နယ် ရဲစခန်းကို အမှုအခင်းအခြေအနေ မေးမြန်းပေမယ့် တာဝန်ကျရဲက ဖြေပိုင်ခွင့်မရှိဘူးလို့ ပြောပြီး ဖုန်းချသွားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013