DVB Logo
Home
မြန်မာသတင်း
ကရင် နယ်ခြားစောင့်တပ်အချင်းချင်းပစ်ခတ်မှု ဗိုလ်တဦး သေဆုံး
DVB
·
March 16, 2012
Donate to DVB

တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် ဒီကေဘီအေ တပ်ဖွဲ့ကနေ အသွင်ပြောင်းသွားတဲ့ နယ်ခြားစောင့်တပ် အချင်းချင်း ပစ်ခတ်မှုကြောင့် နယ်ခြားစောင့်တပ်က တပ်မှူးငယ် တဦး သေဆုံးခဲ့ပြီး တဦး ပျောက်ဆုံးနေတယ်လို့  ကြားသိရကြောင်း  ဒီကေဘီအေ ကလိုထူးဘောတပ်က တာဝန်ရှိသူ ဗိုလ်မှူး စောလုံ့လုံက ပြောပါတယ်။

ဒီနေ့ အရုဏ်မတက်ခင် မနက် ၄ နာရီမှာ နယ်ခြားစောင့်တပ် အမှတ် ၁၀၁၂ ရဲ့ တပ်ဖွဲ့ ဝင်တချို့ က  နယ်ခြားစောင့် တပ်အမှတ် ၁၀၁၁ က တပ်စုမှူး ဗိုလ်တင်ညွန့် စီးနင်းလာတဲ့ကားတစီးကို မြိုင်ကြီးငူအ၀င် တံတားအနီးမှာ ပစ်ခတ်ရာမှာ ဗိုလ်တင်ညွန့် သေဆုံးခဲ့ပြီး တပ်စုမှူးရဲ့ညီ အရပ်သား ယာဉ်မောင်း ပျောက်ဆုံးနေ တယ်လို့ ဆိုပါတယ်။

ဒီကားဟာ ဒီကေဘီအေ ကလိုထူးလားဗျူဟာက တပ်မှူး ဗိုလ်မောင်လေး ပိုင်ဆိုင်တဲ့ ကားဖြစ် တယ်လို့လည်း ပြောပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး နောက်ထပ် သီခြား အတည်ပြုချက်တော့ မရရှိ သေးပါဘူး။

နအဖ အစိုးရရဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး စီမံချက်ကို လက်မခံတဲ့ ဗိုလ်မှူးချုပ် စော လားဘွယ် (ခ) ဗိုလ်နှုတ်ခမ်းမွေး ဦးဆောင်တဲ့ ဒီကေဘီအေ အဖွဲ့မှာ ကလိုထူးဘောဗျူဟာနဲ့ ကလို ထူးလားဗျူဟာဆိုပြီး ဗျူဟာ ၂ ခုရှိပြီး အစိုးရသစ် လက်ထက်မှာ အပစ်အခတ်ရပ် သဘောတူ လက်မှတ် ထိုးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013